ရှောင်းကျန့်နဲ့ ရိပေါ်က အဲ့ဒီနေ့လေးပြီးကတည်းက အတော်ကလေး အခြေအနေကောင်းတယ်။ ဘယ်တုန်းကမှ သတိမထားမိတဲ့ ရိပေါ်က ရှောင်းကျန့် ဆေးရုံသွားလို့ အိမ်ဘက်ကို လှည့်ကြည့်တဲ့အခါ ခေါင်းကို ညွှတ်ပြီး နှုတ်ဆက်တာမျိုးပေါ့။
ရှောင်းကျန့်က သူ့ဘဝသေးသေးလေးထဲမှာ ရိပေါ်ကိုယ်တိုင် ကြည်ကြည်ဖြူဖြူ ပိစိကလေး ပါဝင်လာတာကို ပျော်မဆုံးပါပဲ။
ရှောင်ရှောင်းကျန့်က လုပ်ယူထားတာ မရှိဘူး။ သူ့နေထိုင်နည်းလေးက ဘယ်သူ့ကိုမှ အဆိပ်အတောက် မဖြစ်စေတာပဲ။ ဆေးရုံမှာလည်း သူ့ကို မချစ်တဲ့သူ၊ မတည့်တဲ့သူ မရှိဘူး။ အငယ်တွေအတွက်၊ သူ စာသင်ပေးတဲ့ တပည့်တွေအတွက်ကတော့ သူက စံနမူနာကောင်း၊ အတုယူစရာ အမျိုးသားပဲ။
လမ်းလျှောက်ရင်တောင် လျှပ်ပေါ်လော်မာ မပြေးလွှားတတ်ဘူး။
သူက သာမန် လူတစ်ယောက်ပါပဲ။
မိန်းကလေး တစ်ယောက်ကို တွေ့ရင် ဘယ်လို ပြုမူရမယ်ဆိုတာမျိုး။
အစားအသေက်စားတဲ့အခါ ဘယ်လိုစားရမယ် ဆိုတာမျိုး။
အမှိုက်စွန့်ပစ်တာကနေ လမ်းလျှောက်တာထိ သူ့ကြောင့် ထိခိုက်နာကျင် မရှိအောင် နေတတ်တဲ့လူလေး။စံနှုန်းအပြည့် လူသားနမူနာ ပုံစံလေး။
ရိပေါ်က ရှောင်းကျန့်အကြောင်းကို နည်းနည်း ပိုသိလာတဲ့အခါ သဘောကျတယ်။ သူ့ သူငယ်ချင်းအရင်းတွေထဲက နှစ်ယောက်ဟာ ရှောင်းကျန့်ဆီမှာ စာသင်ကြတယ်။ ရှောင်းကျန့်ရဲ့ နေ့စဉ်ဘဝက သာမန်ထက် ပိုပြီး ရိုးရှင်းတယ်။ လေးစားတယ်ဆိုတဲ့အသုံးက လူပုဂ္ဂိုလ် ကိုးကွယ်လေ့ မရှိတဲ့ ရိပေါ်အတွက်တော့ မရင်းနှီးဘူး။
ရိပေါ်ကို ချစ်တယ်လို့ ပြောထားတဲ့ ရှောင်းကျန့်ရဲ့ စောင့်စည်းနိုင်မှုနဲ့ သူ့အပေါ် လွတ်လပ်ခွင့်ပေးမှုကိုတော့ အထင်ကြီးတယ်။
ရှောင်းကျန့်က ရှက်နေတာမျိုးမရှိသလို
ဇွတ် တိုးဝင်တာလည်း မရှိဘူး။ ရိပေါ်ရဲ့ ဖြစ်တည်မှုကို အလေးထားတယ်။ ဒါကြောင့် ရှောင်းကျန့် သူ့ကို ချစ်တယ် ပြောတဲ့စကားက စ နောက် နေတာ မဟုတ်မှန်း ရိပေါ်က သိပါတယ်။
YOU ARE READING
An Ideal Husband (Completed)
FanfictionUnicode and Zawgyi included လူသားနမူနာ ပုံစံလေး ဆရာဝန် ရှောင်ရှောင်းကျန့်ဟာ ဘေးအိမ်က လူဆိုးကောင်လေးရဲ့ မွေးနေ့မှာပဲ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတိုင်း ပေါ့ပေါ့ပါးပါး YiZhan Fanfic တစ်ပုဒ်ပါ။ အလိုရှိရင် ဖတ်ကြည့်နိုင်ပါတယ်။