4

3.8K 271 14
                                    

နွေရာသီမှာတိုက်တဲ့ လေက ပိုပြီးပေါ့ပါးတယ်။
ကိုယ့်ရဲ့ ပါပီလေး။
ရွှေဝါရောင် အမွေး ဖားဖား ကလေးရေ။

ရှောင်းကျန့်က ရိပေါ်ကို မြင်ရတာနဲ့တင် ကြည်ရွှင်နေတယ်။ ရိပေါ်အပြင်ထွက်မဲ့အချိန်ကို ချိန်သားကိုက်ပြီး ဘတ်စ်ကားဂိတ်ဆီကို သူ့ခြေတံအရှည်ကြီးတွေနဲ့ ပြေးတော့တာပဲ။

ရှောင်းကျန့်က များများစားစား မတွေးဘူး။
သူ အပြင်ထွက်တဲ့အချိန် ရိပေါ်တို့ ခြံထဲလှမ်းငေးလို့ မြင်ရရင်ပဲ ကံကောင်းနေပြီ။ အဲ့ ကံကောင်းမှု အခွင့်အရေးလေးကိုပဲ သူက အမြဲ လုပ်ယူနေမိတော့တာ။

ရှောင်းကျန့် ဘတ်စ်ကားဂိတ်မှာရပ်ရင်း ‌နာရီကို ထပ်ခါ ထပ်ခါ ကြည့်နေမိတယ်။ သူ့ဘဝမှာ နောက်ကျတယ်ဆိုတာ ရှားပါး ဖြစ်စဉ်ပါပဲ။ အခုက taxi လည်း ငှားမရသလို၊ ဘတ်စ်ကားကလည်း ရပ်မလာဘူး။ ဒီနေ့က အထူးအရေးကြီးတဲ့နေ့မဟုတ်လား။

"ကျန့်ကော
ကျနော် လိုက်ပို့ပေးမယ်
ဒီနေ့က ပွဲတော်နေ့မို့ ဘတ်စ်ကား မထွက်ဘူးရယ်"

"ရတယ် ကော ကားငှားသွားလိုက်မယ်"

"ကားတွေလည်း လာမှာ မဟုတ်လောက်ဘူး"

"အဲ့တာဆို ရိပေါ်ကိုပဲ အနှောင့်အယှက် ပေးရတော့မှာပဲ"

ရိပေါ်ရဲ့ ဆိုင်ကယ်က တော်တော်မြင့်ပြီး ကြီးတယ်။ ရှောင်းကျန့်က တောင်ပေါ် လှေကားထစ်တွေများတဲ့မြို့ကမို့ စက်ဘီးတောင် မစီးတတ်ဘူးလေ။

ဆိုင်ကယ် ဦးထုပ်ကို ယူလိုက်ပေမဲ့ အရေးထဲ ဦးထုပ်ကို သူ ဆောင်းတတ်မနေဘူး။ ရိပေါ်ရှေ့မှာ ဇာတ်လမ်းထွင်တာ မဟုတ်သလို ရိပေါ်ကလည်း ပေါ့ပေါ့ပါးပါးပါပဲ။ မေးသိုင်းကြိုးကို ဖြုတ်ပြီး သူ့ခေါင်းမှာ သေချာ ဆောင်းပေးတယ်။

"ဆေးရုံကိုမလား ကျန့်ကော"

"အင်း ဆေးရုံ ဆေးရုံကိုပဲ"

ရှောင်းကျန့်က အဖျားခတ်သွားတဲ့ အသံလေးနဲ့ ပြောလိုက်တယ်။ သူ့တည်ငြိမ်မှုတွေ အကုန်လုံးက ရိပေါ်ရဲ့ လက်ဖဝါး အကြီးကြီးတွေဆီမှာ စုပ်ယူခံလိုက်ရသလိုမျိုးလေ။

ရိပေါ်က သူပါလာတာမို့ အတော်လေး သတိထားပြီး မောင်းပါတယ်။ ပုံမှန်ရိပေါ်ရဲ့ ဆိုင်ကယ် မြန်နှုန်းက ဒီ့ထက် အများကြီး ပိုတာ မဟုတ်လား။ ရှိုးထုတ်ထားတဲ့ လယ်သာဂျာကင် ကြားထဲမှာ ခံနေတာတောင် ရှောင်းကျန့်စိတ်ထဲ တော်တော် နီးကပ်သလို ခံစားရတယ်။

An Ideal Husband (Completed)Where stories live. Discover now