နိုင်ငံ့ရတနာတုံးလေး come out လုပ်ခြင်း
ရှောင်းကျန့်နဲ့ ရိပေါ်ကို တော်တော်ကလေးကို ပျော်ရွှင်နေခဲ့တာ ဖြစ်တယ်။ အဲ့ဒီ ပျော်ရွှင်ခြင်းဟာ ဘယ်လို အတားအဆီး၊ အခက်အခဲကမှ မကျော်ဖြတ်နိုင်သလိုမျိုး။
နေ့ရက်တိုင်းက ချိုမြိန်လို့ နေခဲ့တယ်။
မနက်ခင်းတိုင်း ကိုယ် ချစ်ရသူတစ်ယောက် ဘေးနားမှာ ရှိနေပါတယ်ဆိုတဲ့ အထိအတွေ့ဟာ ဘာနဲ့မှ တူမနေခဲ့ပါဘူး။
ရှောင်းကျန့်က ဘေးက ဝမ်ရိပေါ်ရဲ့ ဝဲကျနေတဲ့ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်တယ်။
မှိတ်ကျနေတဲ့ သူ့နှလုံးသားလေးဟာ ပကတိ ကြည်စင်လို့။ မျက်တောင် တိုစိပ်စိပ်လေးတွေက ကြည့်မဝဘူး။ရှောင်းကျန့် ငုံ့ကိုင်းပြီး ထိမှန်းမသိသာတဲ့ ခပ်ဖွဖွ အနမ်းကို ပေးတယ်။ နဖူးပြင်လေး၊ မျက်ခွံမို့မို့၊ ပါးဖောင်းဖောင်း၊ ထင်းထွက်နေတဲ့ ပခုံးသားလေး။ ပြီးတော့ အိပ်ရာထဖို့ ကြိုးစားလိုက်တာနဲ့ သူက အိပ်ရာထဲကို ပြန်လဲကျ သွားတော့တာပဲ။
"လွှတ် လွှတ် လွှတ်ဦးလေ"
"နောက်ကျလိမ့်မယ်"
"ဘာလို့ လူကို ခိုးနမ်းနေလဲ"
"မနေ့ညကလည်း မင်းပင်ပန်း"
ရှောင်းကျန့်ရဲ့ နားရွက်ဖျားတွေဟာ သိသိသာသာကို ရဲရဲနီနေခဲ့တာ ဖြစ်တယ်။ ဝမ်ရိပေါ်က လွှတ်ပေးဖို့ အစီအစဉ် မရှိပါဘူး။ သူ့လက်တွေက ရှောင်းကျန့်ခါးကို အားထည့်ပြီး ဖက်လိုက်တယ်။
"ဒီလောက်နဲ့ ပင်ပန်းပါ့မလား"
အက်ရှရှ အသံကို နား နားကပ်ပြီး တိုးတိုးညှင်းညှင်း ပြောလိုက်တာ။
"ငါပြောတာ မိုးချုပ်တဲ့ထိ လေ့ကျင့်ခန်းဆင်း"
"မဟုတ်ဘူး ငါ ပြောတာက"
ပြောရင်းနဲ့ လည်ထွက်နေတော့တယ်။ ဘာလို့ သူ့ဆိုလိုရင်းက ဒီကိုပဲ ရောက်နေရမှန်း မသိဘူး။
"မဟုတ်ဘူး ငါ ပြောတာ"
"ဝမ်ရိပေါ်
မင်း ဖယ်တော့"

YOU ARE READING
An Ideal Husband (Completed)
FanfictionUnicode and Zawgyi included လူသားနမူနာ ပုံစံလေး ဆရာဝန် ရှောင်ရှောင်းကျန့်ဟာ ဘေးအိမ်က လူဆိုးကောင်လေးရဲ့ မွေးနေ့မှာပဲ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတိုင်း ပေါ့ပေါ့ပါးပါး YiZhan Fanfic တစ်ပုဒ်ပါ။ အလိုရှိရင် ဖတ်ကြည့်နိုင်ပါတယ်။