ချစ်တာဟာ အတိုင်းအတာယူနစ် ပြစရာမရှိပေမဲ့ နေရာယူတာ၊ ထုထည်ကြီးမားတာက သူ့အပေါ်ပါပဲ။
စိတ်လိုလက်ရ ကောင်းကင်အလွတ်ကို ငေးမိရင်တောင် ဒီလူနဲ့ တစ်မိုးအောက်အတူရှိကြောင်းတွေးပြီး ပျော်ရွှင်ရတယ်။ တစ်နေ့ပြီးတစ်နေ့ မပျော်စရာနေ့တွေ ကြုံရလည်း အသံကြောင့်ဖြစ်စေ၊ ရုပ်ကြောင့်ဖြစ်စေ၊ စိတ်ကြောင့်ဖြစ်စေ ရှင်သန်ချင်စရာ အကြောင်းအရာ ဖြစ်ရသေးတယ်။
အမြဲတမ်း လဲကျလို့ ရတယ် ပြောပြီး ဘဝနေနည်းတွေ သင်ယူခဲ့ရတာပဲလေ။ ကောင်းတာတွေဆို ဦးဆုံးပေါ်လာ၊ ကျေးဇူးတင်စကားပြော၊ အတူဝမ်းသာပေမယ့် မပျော်စရာအခြမ်းကိုတော့ မပြချင်သူ မဟုတ်လား။
ဘယ်လိုအနေအထားမဆို ချစ်ပါတယ်။
အပွန်းအပဲ့သေးသေးလေးတွေကအစ မကျရောက်နိုင်ရင် အကောင်းဆုံးပဲပေါ့။သူ့ကြောင့်ဆိုတဲ့ ကမ္ဘာ၊ သူရှိလို့ ရယ်မော ပျော်ရွှင် သက်တောင့် သက်သာ ဖြစ်ရတဲ့ကမ္ဘာကိုလည်း ကိုယ့်မှာ ရခဲ့ဖူးပြီပဲ။ နောက်ထပ်နေ့တွေ အတူရှိချင်တဲ့ စိတ်ကူးကိုလည်း ရခဲ့ဖူးပြီပဲ။
__________________________________________
ဝမ်ရိပေါ်အတွက် ရှောင်းကျန့်က ဒီလိုလူပါ။
ပထမဆုံး ကျော်ဖြတ်နိုင်ခဲ့တဲ့ ပွဲအတွက် ရှောင်းကျန့်က သူနဲ့ နေရာ တစ်ခု သွားရမယ် တဲ့။ရိပေါ်က အခုတလော လူကြီးဆန်ချင်နေတယ်။ သူရဲ့ ရွှေဝါရောင် ဆံနွယ်အရှည်တွေကို မသိမသာ ညှပ်ပြီး အညိုရောင် ဆိုးတာမျိုး။ သူရဲ့ နားကပ်တွဲလောင်း သုံးခုအစား ကပ်နားကပ် တစ်ခုပဲ ရှိတော့တာမျိုး။
ဖက်ရှင်ကျတဲ့ ဝမ်ရိပေါ်လေးက ခုရက်တွေမှာ တီရှပ်အပွနဲ့ ရှပ်အင်္ကျီကိုပဲ ဝတ်တော့တယ်။
ဝမ်ရိပေါ်က တီရှပ် အဖြူပေါ်မှာ အဝါနုဖျော့ဖျော့ ရှပ်လက်တိုနဲ့ ဂျင်းပင်န် အပြာလေးနဲ့။
နုပျိုမှုကိုတော့ ဘယ်အရာကမှ တားလို့ မရဘူးပဲ။
နုနယ် ဖွေးဥနေတဲ့ ဆန်မုန့်လုံးလေးနဲ့ တူတယ်။"ဘယ်သွားမှာလဲ ကောကော"
"မင်းကို ဂုဏ်ပြုဖို့လေ"
YOU ARE READING
An Ideal Husband (Completed)
FanfictionUnicode and Zawgyi included လူသားနမူနာ ပုံစံလေး ဆရာဝန် ရှောင်ရှောင်းကျန့်ဟာ ဘေးအိမ်က လူဆိုးကောင်လေးရဲ့ မွေးနေ့မှာပဲ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတိုင်း ပေါ့ပေါ့ပါးပါး YiZhan Fanfic တစ်ပုဒ်ပါ။ အလိုရှိရင် ဖတ်ကြည့်နိုင်ပါတယ်။