ပန်းတွေဟာ တစုံတယောက်အတွက်ရည်ရွယ်ပြီး ပွင့်လာတာမျိုးမရှိဘူး။
တိမ်တွေမှာလည်း တစုံတယောက်အတွက် သီးသန့်ရွာချလိုက်တဲ့မိုးလို့ မရှိပါဘူး။
သဘာ၀တရားကြီးရဲ့ ဖန်တီးမှုကိုခံခဲ့ရတာခြင်းအတူ
တယောက်မရှိရင်လည်း ဖြစ်သွားရမဲ့တစ်စုံတစ်ယောက်တွေချည်းပါပဲ။
အဲ့ဒီလို ဖြစ်တည်မှုတွေခြင်း အတူတူမှာ
မင်းမရှိရင်မဖြစ်ဘူးလို့ ဖွင့်ပြောကျိုးနွံပစ်ချင်တဲ့ ချစ်ခြင်း မေတ္တာမျိုး ငါ့မှာ မင်းအပေါ် အပြည့်ပေါ့ကွယ်။ရိပေါ်က Gaokao exam ကိုလည်း score မြင့်မြင့်နဲ့ အောင်သွားတယ်။ တကယ်တော့ တက္ကသိုလ် သွားရမလား၊ မသွားရဘူးလားကို ဝမ်ရိပေါ်က မဝေခွဲနိုင်သေးဘူး။
ရှောင်းကျန့်က sport university တစ်ခုခုမှာ join စေချင်တယ်။ ပေကျင်း တက္ကသိုလ်ကို သွားဖို့တောင် ရိပေါ် အနေအထားက အဆင်ပြေတာပဲလေ။
ဒါမှ မဟုတ် သူ့အိပ်မက်တွေရှိတဲ့ US university တစ်ခုခုဆိုလည်း အဆင်ပြေတာပါပဲ။
တက်ကသိုလ်ဝင်ခွင့်နဲ့ ပတ်သက်ပြီးတော့ ရိပေါ်နဲ့ သူ့အိမ်ဟာ သဘောထား ကွဲလွဲပြန်တာပဲ။ နာမည်ကြီး တက္ကသိုလ်က နာမည်ကြီး မေဂျာတစ်ခုကို ယူတာ ပိုကောင်းမယ်ဆိုတဲ့ အတွေးအမြင်မျိုး။ သာမန် ဆယ်ကျော်သက်တွေ မလုပ်နိုင်တဲ့ ကားအကောင်းစားတွေ လဲနိုင်တဲ့ ဝင်ငွေမျိုး ရိပေါ်ဘက်က ရှာနိုင်နေပေမဲ့ သူ့အိမ်ကတော့ ဒီ ပြိုင်ပွဲတွေဟာ ရေရှည်မဟုတ်ဘူးလို့ တွေးနေတယ်။
ဒါတွေက အဖုအထစ်လေးတွေ ဖြစ်ကောင်း ဖြစ်မယ်။
ရှောင်းကျန့်အတွက်တော့ ဝမ်ရိပေါ် လုပ်နိုင်တယ်ဆိုတဲ့ ဂုဏ်ယူမှုပဲ။
သူ့ကလေးလေးက အမြဲ ဂုဏ်ယူစရာလေး။ချစ်မြတ်နိုးဖွယ်အတိလေး။
______________________________
နောက်တစ်ကျော့ ပြန်လာတဲ့ August လ (၅)ရက်။
ဝမ်ရိပေါ်ကလေး (၁၉)နှစ်ပြည့် မွေးနေ့။
ဘေးအိမ်က အစ်ကိုကြီးဆီက ရည်းစားစကား အပြောခံရတဲ့ နှစ်ပတ်လည်။
(၅)ဂဏန်း သမားတွေက ရွေ့လျားနေတတ်တဲ့သူတဲ့။
အေဗရာဟင်လင်ကွန်း၊ ဗင်းဆင့်ဗန်ဂိုးနဲ့ ဟယ်လင်ကယ်လား တို့ကလည်း (၅)ဂဏန်း သမားပါပဲ။
YOU ARE READING
An Ideal Husband (Completed)
FanfictionUnicode and Zawgyi included လူသားနမူနာ ပုံစံလေး ဆရာဝန် ရှောင်ရှောင်းကျန့်ဟာ ဘေးအိမ်က လူဆိုးကောင်လေးရဲ့ မွေးနေ့မှာပဲ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတိုင်း ပေါ့ပေါ့ပါးပါး YiZhan Fanfic တစ်ပုဒ်ပါ။ အလိုရှိရင် ဖတ်ကြည့်နိုင်ပါတယ်။