လူတစ်ယောက်ကို ဘယ်လောက်ထိ ချစ်မိတဲ့အကြောင်းဟာ ပြောပြစရာ စကားလုံးနဲ့ မလုံလောက်ဘူး။
အဲ့တာကြောင့်ပဲ တိုင်းတာယူလို့မရတဲ့၊ ဖော်ပြဖို့ မလုံလောက်တဲ့အခါ အနှိုင်းမဲ့ လို့ သုံးခဲ့ကြတာ ဖြစ်မယ်။ ဒီလိုဆိုရင် ဝမ်ရိပေါ်က ကိုယ့်ချစ်ခင်ရခြင်းရဲ့ "အနှိုင်းမဲ့" ကလေးပဲ။ချစ်တယ်ဆိုတာ ပျော်စေချင်တာပဲ။
ပြုံးရွှင် ကြည်လင် စေချင်တာပဲ။
သူ့ရှိရာဘက် မျက်နှာမူတာပဲ။
သူ့ကမ္ဘာထဲ တစ်ဖက်သတ် တိုးဝင်နေမိတာပဲ။
ချစ်တယ်ဆိုတာ သူနဲ့တစ်ဖက်တည်း အမြဲရပ်ပေးချင်တာပဲ။
အတတ်နိုင်ဆုံး စောင့်ရှောက် ကာကွယ်ချင်တာပဲ။
အချိန်ပြည့် သတိရတာပဲ။
အစစ အရာရာ မေတ္တာထားတာပဲ။
အသည်းနှလုံးထဲအပြည့် နေရာပေးမိတာပဲ။
တစ်မိုးအောက် အတူဆိုရုံနဲ့ ပျော်ရွှင် လုံလောက်တာပဲ။
အကွာအဝေးတွေကို စိတ်ကူးနဲ့ ဆွဲချုံ့ပစ်နိုင်တာပဲ။ကောင်းမွန်စွာ အိပ်ပျော်စေချင်တယ်။
ကြည်လင်စွာ နိုးထလာစေချင်တယ်။
တစ်နေ့တာပြီး တစ်နေ့တာတိုင်း
စိတ်ရောကိုယ်ပါ လုံခြုံ နွေးထွေးစေချင်တယ်။
ကျန်းမာ ဘေးကင်းစေချင်တယ်။ဘဝရဲ့ အဓိပ္ပာယ်ဆိုတာကလည်း ဘာရယ်မဟုတ်
သူ့မျက်တောင်စိပ်စိပ်ကလေးပေါ် ကိုယ့်စိတ်ကူးလေး ပစ်တင်နိုင်တာပဲပေါ့။ဘယ်နှဘဝ ဘယ်ခန္ဓာရောက်ရောက်
ဝမ်ရိပေါ်က ကိုယ်အမြဲ ဆုံချင်မိတဲ့ ရှေးရေစက်ကလေး။အဲ့ဒီလောက်ထိ ချစ်မြတ်နိုးရပါတယ်။
______________&&&__________
ရိပေါ်နဲ့ ရှောင်းကျန့်ကြားမှာ ပြိုင်ပွဲ ကိစ္စကို စကား မပြောဖြစ်ဘူး။
ရှောင်းကျန့်က သူ့စိတ်ရင်းကို တကယ် လေးလေးနက်နက် ပြပြီးပြီ။
ပြီးတော့လည်း သူဟာ အမြဲလို သူ့ဘက်ကလို့ ယုံကြည်ရအောင်နေတယ်။ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်ရဲ့ သမီးရည်းစား ဆက်ဆံရေးဟာ မြန်မြန်ပဲ နီးကပ်လာခဲ့တယ်။
နှစ်ယောက်လုံးရဲ့ ပြင်ပ အလုပ်ချိန်တွေကလွဲရင် အချိန်တော်တော်များများက အတူရှိတာပဲ။"ကောကော မနက်ဖြန် မွေးနေ့နော်"
"အွန်း"
"အစော ပြန်လာမှာလား"
YOU ARE READING
An Ideal Husband (Completed)
Hayran KurguUnicode and Zawgyi included လူသားနမူနာ ပုံစံလေး ဆရာဝန် ရှောင်ရှောင်းကျန့်ဟာ ဘေးအိမ်က လူဆိုးကောင်လေးရဲ့ မွေးနေ့မှာပဲ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတိုင်း ပေါ့ပေါ့ပါးပါး YiZhan Fanfic တစ်ပုဒ်ပါ။ အလိုရှိရင် ဖတ်ကြည့်နိုင်ပါတယ်။