11

2.6K 179 11
                                        

ဘာလဲဆို ချစ်ခြင်း မေတ္တာပါပဲ။
ဘေးပယောဂတွေကြောင့် သိပ်လေးလာရင်တောင် အသည်းကတော့ ဘယ်လိုမှ ဖယ်ရှားပစ်ဖို့ မကြံစည်အပ်ရာလေးပဲ။
လူ့အဖြစ်ဟာ ငြီးငွေ့ဖွယ်ရာဆိုတဲ့ အဆိုးမြင်စိတ်ကိုတောင် အသည်းနဲ့ ဆုံရ၊ သိရကံနဲ့ မြှင့်တင်လိုက်နိုင်တာမျိုးပါ။

မြတ်နိုး ကြည်မွေ့ ဖွယ်ရာလေးရေ
အသက်တမျှ ချစ်ကြည်စရာလေးရေ
ကမ္ဘာတစ်ခုလုံးလေးရေ

ချစ်ဖို့ကောင်းမှု အလုံးစုံဟာ မင်းပဲ ဖြစ်မယ်

နောက်ထပ် ဆက်သွယ်စရာ မရှိ

နောက်ထပ် ချစ်မက်စရာမရှိ

အမြင့်မားဆုံး

အနက်ရှိုင်းဆုံး

ကိုယ် ယူငင် သွားချင်တဲ့ အကြည်ဓာတ်ကလေးရေ

မင်းအကြောင်းအပြည့်နေ့တွေ ထပ်၍ ထပ်၍ ငါ ရ ရှိချင်ပါတယ်။

ရှောင်းကျန့်က ဝမ်ရိပေါ်ကို ထိုသို့၊ ထိုသို့ထက်ပိုပြီး ချစ်နေရပါတယ်။ သူက အလုပ်ခွင် အဆင်မပြေမှုတွေကိုလည်း ဝမ်ရိပေါ်လေးကို တွေးပြီး အဆင်ပြေပစ်လိုက်တာပဲ။ ပူစရာကိစ္စတွေအတွက်လည်း ဝမ်ရိပေါ် ပြုံးတာနဲ့ အပူငြိမ်းအေးသွားရတာပါပဲ။

ဒီရက်တွေကတော့ ဝမ်ရိပေါ်နဲ့ ရှောင်းကျန့် သိပ်မတွေ့ဖြစ်ဘူး။ ဘာဖြစ်လို့လဲဆို ပြိုင်ပွဲရက်က သိပ်ကပ်လွန်းတော့ အချိန်တော်တော်များများကိာ ဝမ်ရိပေါ်က ကွင်းထဲမှာပဲ အချိန်ကုန်နေရတယ်။

ဝမ်ရိပေါ်ကလေးက စိတ်လှုပ်ရှားလွန်းနေတာလည်း ဖြစ်တယ်။ အဲ့တာကြောင့် ရှောင် ရှောင်းကျန့်ကို တွေ့ချင်ရင်တောင် သူက ကွင်းထဲမှာပဲ အချိန်ကုန်နေတယ်။

ဒီနေ့တော့ သူက ရှောင်ရှောင်းကျန့် အနား နေရမယ်လို့ တွေးလိုက်တယ်။ ရှောင်းကျန့်ရဲ့ အိမ်ပြန်လာမဲ့ အချိန်ကို မေးနေကျ အတိုင်းမေးပြီး ဆေးရုံကို ရောက်လာခဲ့တော့တာပါပဲ။ ရှောင်းကျန့်က သူရောက်လာလို့ အံ့ဩသွားမဲ့ မျက်နှာလေးကို တကယ် မြင်ချင်တာပါ။

ဝမ်ရိပေါ်က ဆိုင်ကယ်ပေါ်ကနေ မညည်းမညူ စောင့်နေပါတယ်။ ဒါက ဆယ်ရက်ဆိုတဲ့ ကိန်းဂဏန်းလေးဆိုပေမဲ့ ဒီအရသာလေးကို တော်တော်လေး လွမ်းနေခဲ့ပြီ။ အိမ်ပြန်ချိန် အတူရှိတယ်ဆိုတဲ့ အတွေးက ဘယ်လောက်တောင် ကြည်နူးစရာ ကောင်းလဲ။

An Ideal Husband (Completed)Where stories live. Discover now