"ရှောင်းကျန့်
ရှောင်းကျန့်""ဒီက အစ်ကို လူနာ နာမည်လေး တစ်ချက်လောက် ပြောပေးနော်"
"ရှောင် ရှောင်းကျန့်ပါ"
ဘယ်တော့မှ မတည်ငြိမ်တဲ့ ဝမ်ကျိုးချန်အစား ရိပေါ်ကပဲ ပြောလိုက်တယ်။
"ဘာဖြစ်လို့ ရောက်လာတာလဲ ဆိုတာ"
"ဟို...ဟို"
တကယ်တော့ တိတိကျကျပြောပြစရာ သူတို့မှာ အကြောင်းအရာကို သိပ်မသိ။
"ဒေါက်တာ ရှောင်ရှောင်းကျန့်ဆို သိလားမသိဘူးဗျ"
"အော်...ဒေါက်တာလား"
"အရိုးဆောင်မှာပါ
ဒီကနေ တည့်တည့်သွားပြီး ဘယ်ကွေ့လိုက်ရင် ရပါပြီနော်""ကျေးဇူးတင်ပါတယ်ဗျ"
"ကျိုးချန်ကော
ရှောင်းကျန့် အရမ်းစိတ်ပူလိမ့်မယ်
စိတ်အေးအေး ထားပါ့လား""မင်းက ရှောင်းကျန့်ကို ပစ်ပြီး အဝေးကြီးသွားတဲ့ကောင်ပဲ
ဘယ်စိတ်ပူပါ့မလဲ"ပုံမှန်စိတ်နဲ့ဆို ရိပေါ်က စိတ်တိုမိဦးမှာ။
အခုတော့ သူက ဝမ်ကျိုးချန်အကြောင်းကို မသိတာလဲ မဟုတ်လေ။
ဒီလို ပိဿလေး နဘေးပစ် စကားတွေကို အလွယ်တကူပြောပြီး စကားနာထိုးမှသာ ဝမ်ကျိုးချန်ပီသတော့ မပေါ့။သူတို့ အရိုးဆောင်ကို သွားခဲ့ကြတယ်။
ရှောင်းကျန့်ကို မတွေ့ရဘူး။
သူတို့ နည်းနည်းတော့ စိတ်ပူသွားပါတယ်။"ဒေါက်တာ ကိုကို
ရှောင်းကျန့် ကောကော"အသံလာရာဆီ လှမ်းကြည့်လိုက်တော့ ထောင့်စွန်းကုတင်ဆီက ကလေးလေး။
ပြီးတော့ တံခါးဝဆီကို လှမ်းဝင်လာတဲ့ အဲ့ဒီအမျိုးသား။ကျိုးချန်ကောရော၊ သူရော ရှောင်ရှောင်းကျန့်ဆီကို မသိလိုက်ခင်မှာပဲ အပြေး ရောက်သွားတော့တာပဲ။
"ရှောင်းကျန့်၊ ရှောင်းကျန့်"
ကျိုးချန့်က ရှောင်းကျန့် ခန္ဓာကိုယ် တစ်ခုလုံးကို လှည့်ပတ် စစ်ဆေးပါတယ်။
"မင်း ဘယ်နေရာမှ မထိခိုက်ဘူးလား"
"အင်း ထိခိုက်တာ သူလေ
မင်းတို့ ဘယ်လို ရောက်လာတာလဲ"
YOU ARE READING
An Ideal Husband (Completed)
FanfictionUnicode and Zawgyi included လူသားနမူနာ ပုံစံလေး ဆရာဝန် ရှောင်ရှောင်းကျန့်ဟာ ဘေးအိမ်က လူဆိုးကောင်လေးရဲ့ မွေးနေ့မှာပဲ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတိုင်း ပေါ့ပေါ့ပါးပါး YiZhan Fanfic တစ်ပုဒ်ပါ။ အလိုရှိရင် ဖတ်ကြည့်နိုင်ပါတယ်။