အခုမှ ရှောင်းကျန့်က လုံးဝကို အလုပ်မရှိ၊ အကိုင်မရှိလေး ဖြစ်သွားတော့တယ်။ အသက် (၂၉)နှစ်အရွယ် အလုပ်လက်မဲ့လေးပေါ့။ သူ့အတွက် အာရုံစူးစိုက်စရာ အရေးကြီးကိစ္စကတော့ ဝမ်ရိပေါ်လေးကို ပြန်လိုက်ဖို့ပါပဲ။
ရှောင်းကျန့်က သူ့အိမ်ကလေးကို ပြန်လာပြီးကတည်းက အရင်ကလိုမျိုး သစ်ပင်တွေ စိုက်တယ်။ ဝမ်ရိပေါ် ကလပ်သွားရတဲ့ရက်တွေဆို သူ့မှာ ပျင်းရိနေတော့တယ်။
အဲ့တာနဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ သုံးနှစ်တာကို အင်တာနက်မှာ ပြန်လည် သင်ယူတော့တာပါပဲ။
ဝမ်ရိပေါ်က အားကစားသမားဆိုပေမဲ့ fanboy ရော၊ fangirl ရောအပြင် ဖန်ဘွားဘွားနဲ့ ဖန်မားမား၊ ပါးပါးတွေတောင် ရှိသေးတယ်။ သူက ရိပေါ်ကြောင့်သာ အားကစားလောကနဲ့ မစိမ်းတာရယ်ပါ။ အပြင်းအထန် လုပ်ရတဲ့ အားကစားတွေနဲ့ ပတ်သက်ရင် စိမ်းသက်တာပါပဲ။ ဘတ်စကတ်ဘောလို၊ တင်းနစ် ကစားတာလိုမျိုး ကျောင်းအစုအဖွဲ့နဲ့ လုပ်ရတာတွေကိုသာ ကစားလေ့ ကစားထ ရှိတယ်။
ဝမ်ရိပေါ်ရဲ့ နုနယ်ပျိုမျစ်တဲ့ ပုံရိပ်လေးက ပြိုင်ကွင်းထဲမှာရော၊ စင်ပေါ်မှာပါ လတ်ဆတ် ချိုမြိန်နေတာပါပဲ။ ဝမ်ရိပေါ်မှာ ဖန်တွေ အများကြီးရှိတယ်။ မီလီယမ်နဲ့ ချီပြီးရှိတဲ့ fan group ကိုလည်း ရှောင်းကျန့်က join လိုက်တော့တယ်။
အဲ့ဂရုက ဝမ်ရိပေါ်ရဲ့ ဖန် ကလေးတွေချည်း စုထားတာ။ သူတို့ထဲက အများစုက ငယ်ရွယ်တဲ့ ဆယ်ကျော်သက် မိန်းကလေးတွေသာ ဖြစ်တယ်။ သူတို့တွေက Leo ရဲ့ နာမည်နဲ့ အလှူတွေ လုပ်ကြတယ်။ ဝမ်ရိပေါ် ကြိုက်တဲ့ အစိမ်းရောင်လေးကို ကိုယ်စားပြုပြီး သစ်ပင်စိုက်တဲ့ ကမ်ပိန်းတွေ လုပ်ကြတယ်။ သူတို့ လုပ်သမျှ အပြုအမူတိုင်းက ဝမ်ရိပေါ်ကို ရည်ညွှန်းတာပါပဲ။
ရှောင်းကျန့်က မနက်ဖြန်မှာပဲ ဝမ်ရိပေါ်အတွက် သစ်ပင်လေးတစ်ပင် စိုက်ပြီး လက်ဆောင်ပေးဖို့ တွေးမိသေးတယ်။ လမ်းခွဲထားတဲ့ ခြောက်နှစ်ငယ် ရည်းစားကို ပြန်လိုက်နေတဲ့အချိန်မှာ ဆယ်ကျော်သက်မိန်းကလေးတွေနဲ့ လိုက်ပြိုင်နေရတာ အကျိုးအကြောင်းတော့ မဆီလျော်လှဘူး။
သူ လက်လျှော့မှ ဖြစ်မယ်လို့ တွေးမိတယ်။

YOU ARE READING
An Ideal Husband (Completed)
FanfictionUnicode and Zawgyi included လူသားနမူနာ ပုံစံလေး ဆရာဝန် ရှောင်ရှောင်းကျန့်ဟာ ဘေးအိမ်က လူဆိုးကောင်လေးရဲ့ မွေးနေ့မှာပဲ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတိုင်း ပေါ့ပေါ့ပါးပါး YiZhan Fanfic တစ်ပုဒ်ပါ။ အလိုရှိရင် ဖတ်ကြည့်နိုင်ပါတယ်။