17

2.1K 133 5
                                        

လူတစ်ယောက်ဟာ ချစ်မိပြီဆိုရင် အဲဒီလူကို He/She is in love. လို့ ခေါ်ကြတယ်။
အဲဒီလို အချစ်ကို တွေ့စ ခံစားမှုဟာ ဘာနဲ့မှ မတူပါဘူး။

Serotonin ၊ Dopamine စတဲ့ အချစ် Hormone တွေနဲ့ လူဟာ အချစ်နတ်ရဲ့ ဖမ်းစားခြင်းကို ခံစားရတယ် တဲ့။

အဲ့ဒီ အချစ်စိတ် ပြင်းထန်ခြင်း၊ ဟော်မုန်းတွေဟာ (၆)လ လောက်အထိသာ ခံတယ်။

လူတစ်ယောက်ဟာ လူတစ်ယောက်နဲ့ ဘဝအဆုံး၊ အရိုးမြေကျတဲ့ အထိ နေသွားနိုင်တယ်ဆိုတာက ကျတော့ ချစ်ခြင်းမေတ္တာပါပဲ။
မြတ်နိုးရခြင်းပါပဲ။
သံယောဇဉ်ပါပဲ။

တစ်ညလုံး၊ တစ်နေ့လုံး
ပြီးတော့ နေ့တစ်နေ့တွေ ကုန်ဆုံးပြီး နောက်တစ်နေ့ အသစ် စ တင်ဖို့ တွေးတိုင်း
အပြန် အလှန် အတူရှိဖို့ လိုအပ်နေတယ်ဆိုတာ သေချာတဲ့ အထိ ရှောင်းကျန့်နဲ့ ရိပေါ်ဟာ တစ်ယောက်ကို တစ်ယောက် သေချာနေခဲ့တယ်။

တစ်စက္ကန့်လေးတောင် ရိုးအီ မသွားတဲ့ ခံစားချက်နဲ့ အပြန်အလှန် ချစ်မြတ်နိုးနေရပါတယ်။

____________________________

"လိုက်မပို့‌နဲ့တော့လေ
ပေါ်တိလည်း အလုပ်ရှိတဲ့ဟာ"

"ကောကောကို မမြင်ရရင်
အလုပ် ကောင်းကောင်း ဘယ်လုပ်နိုင်ပါ့မလဲ"

၀မ်ရိပေါ်က ပါးစပ်အပြည့် သွပ်ထားတဲ့ sandwich ကို ကိုက်ပြီး ပြောတယ်။

ဒီလို မနက်စာ အတူ မစားနိုင်တဲ့ နေ့တွေဆို ရှောင်းကျန့်က ဘာဂါလို၊ ဆန်းဒဝစ်လို အလွယ်တကူ လက်နဲ့ သယ်လို့ရတာမျိုးတွေကို ပြင်ပေးလေ့ရှိပါတယ်။

မဖြစ်မနေ အခြေအနေမှ မဟုတ်ရင်
ဝမ်ရိပေါ်က မနက်စာ အတူမစားဘဲ၊ ရှောင်းကျန့်ကို နှုတ်နဆက်ဘဲ သွားလေ့မရှိပါဘူး။

"ကောကော တစ်ခါတည်းလိုက်ခဲ့
အပြန် ဝင်ကြိုမယ်"

"အလုပ်ရှုပ်နေပါ့မယ်
ကောဖာသာ သွားလည်း ရပါတယ်"

"ကားပေါ်မှာ ခဏလေးတော့ တွေ့လို့ရတာပေါ့"

ဝမ်ရိပေါ်ဘက်က အဲ့လိုပြောတယ်ဆိုတာ ရှားတယ်။ အလုပ်ရှုပ်နေတဲ့ ရိပေါ်က ရှောင်းကျန့်နဲ့ အချိန်အကြာကြီး အတူမရှိရတာ ကြာပြီ။

An Ideal Husband (Completed)Where stories live. Discover now