Part 2

4.7K 202 4
                                    

(2)

"မောင်တို့ရွာမှာလေ ဘာ..ဘာတွေပေါတယ်?
ပင်ထနောင်းရယ် ထန်းပင်တွေရယ်
မန်ကျည်း ဝါးပင် ပေါပါတယ်ဗျ..."

ဝေဟင် စာကျက်မည်အပြုတွင်ကြားရသော အသံတို့ကြောင့် စိတ်ရှုပ်သွားရသည်..ယောသားတွေများ အမှတ်သည်းခြေမရှိလိုက်တာ...ပါမောက္ခကြီးကဖြင့် အဆောင်မှာ ရောက်နေတုန်း...

"ပင်..ပင်နီချောရယ်နဲ့
ယောလုံချည် ယောလုံချည်
မောင့်ချစ်သူလေးကိုလ
ဆင်ပေးချင်သည် လှစေချင်သည်..
လိုက်ခဲ့ပါလားကွယ်..ပစ်မခွဲလေ..
ပင်ပန်းရင်လဲ မောင့်ရင်မှာအပန်းဖြေ
သွားအတူတူ လာအတူတူ
ယုယုယယမောင်ချစ်မှာပါလေ... "

ဇာနည်လင်းယုန်ဟူသည့်လူသားအား ဝေဟင် လက်တင်မက ခြေပါခါရပါသည်..
ဒီသီချင်းတစ်ပုဒ် ကိုသာလာလာဆိုနေသော ယောက်ျားသည် ရူးများနေသလား...
ချစ်ကြောင်း​ကြိုက်ကြောင်းရယ်လဲမပါဘဲ အိမ်အရောက်ခေါ်ချင်နေသည်ပဲလား...

"အရူးကောင်!
.
.
.
"ဟေ့ကောင်တွေ ပြေးရဲတဲ့သူပြေးစမ်း"

လေးယောက်သားအားရပါးရ သီကျူးနေစဥ် ပါမောက္ခ ဓာတု စာဥ...အဲ ကြာဦးအားမြင်လိုက်ရသည်မို့ ပြေးမည်ကြံသေး..နောက်ထပ်ထွက်ပေါ်လာသောစကားကြောင့် လေးယောက်လုံး ခြေလှမ်းတွေရပ်ပြီး မချိပြုံးလေးပြုံးကာ ပြုံးဖြီးဖြီး...

"မင်းတို့ကောင်တွေ...အားယားနေပလား..ဘယ်နှယ့်အရှက်မရှိ ယောက်ျားဆောင်ကိုများ သီချင်းဆိုရတယ်လို့"

"မိန်းကလေးဆောင်ဆိုရင်တော့ အရှက်ရှိတာပေါ့နော်"

သာစည်အောင်ရဲ့ ပက်ခနဲစကားကြောင့် ကျန်သုံးယောက်က ပြာပြာသလဲ သာစည်အောင်ပါးစပ်ကိုပိတ်ကြသည်..ပါကြီးကအတော်လေးဒေါသထွက်နေပုံရပါသည်..လင်းယုန် အဆောင်ပေါ်က ထွက်ကြည့်နေသူများကို မသိမသာလက်သီးပြတော့ အလျှိုလျှိုပြန်ဝင်သွားကြလေသည်..ထိုအခါမှပြုံးရင်းပါကြီးကို မျက်နှာပြန်လုပ်ရသည်.

"ငါ့များပြန်ပြောနေသေးတယ်..မင်းတို့ကောင်တွေ အတော်မိုက်လုံးကြီးနေပါပေါ့လား"

"မဟုတ်ရပါဘူး ပါကြီးရယ်...ကျုပ်တို့က အပျော်သီချင်းဆိုလာတာပါ"

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now