Uni...
ဝေဟင်မြို့ကိုပြန်လိုက်သွားခဲ့ခြင်းသည်မှန်သည်ဟုဆိုရမည်..မဟုတ်လျင် အမေကသေချာပေါက် နှောင့်ယှက်နေအုန်းမှာ.....
ဝေဟင် မြို့ကိုပြန်လိုက်သွားပြီးနောက် ဝေဟင် အဖေနှင့်အမေကိုဝန်ခံခဲ့သည်..ဇာနည်လင်းယုန်ကိုဘယ်လိုသဘောထားလဲဆိုတာကိုပေါ့...ထိုစကားကြားပြီးနောက် မိဘတွေကလက်မခံသည့်အပြင် အိမ်တွင်းအကျယ်ချုပ်ထားခဲ့ပြန်သည်..တစ်လနီးပါးကြာပြီးမှ ဝေဟင်ပြတ်သားခဲ့ရခြင်းဖြစ်သည်...သားအဖြစ်မှစွန့်လွှတ်ခံခဲ့ရပြီး တက္ကသိုလ်ဆီမှဘွဲ့ကိုပါအဆုံးရှုံးခံခဲ့ရသည်...
သို့သော် ဝေဟင် အမှန်ကိုရွေးချယ်ခဲ့တာမို့ နောင်တမရပါလေ..
မိဘတွေနဲ့ပြတ်စဲပြီးနောက်ပိုင်း ဝေဟင်အမွေကိစ္စကိုဆက်လုပ်နေရသေးသည်..အမွေဟူသည်က မိဘတွေဆီကမဟုတ်ဘဲ ဘိုးဘွားများထံမှရပိုင်ခွင့်များကိုလက်ခံခဲ့ရခြင်းဖြစ်သည်..
တစ်လကျော်ကျော်ကြာသွားခဲ့သော အချိန်တွေကို အလဟဿမဖြစ်ရအောင် ဝေဟင်အကောင်းဆုံးလုပ်နိုင်ခဲ့လေသည်..ဝေဟင်က အခုမိဘမဲ့တစ်ယောက်ဖြစ်သွားပြီဖြစ်သလို အလုပ်လက်မဲ့ပါဖြစ်သွားခဲ့ပြီ...ဒါပေမယ့်ရှာကျွေးမယ့်ယောက်ျားကအသင့်ရှိနေပြီလေ..ဝေဟင်ကထိုင်ပြီးစာအုပ်လေးဖတ်နေရရုံပဲ...(ဝေဟင် povကိုဒီလောက်ပဲရေးတော့မယ်နော်..မဟုတ်ရင်တစ်ပိုင်းလုံးပြီးသွားမှာစိုးလို့)
.
.
"ကောင်လေး ဝေဟင်..ပိန်ကျသွားတယ်..နေထိုင်မကောင်းဘူးလား"ဝေဟင်ကိုယ်ကိုကိုင်ရင်းမှအမေကြည်ကပြောလေသည်
"ကောင်းပါတယ်..ကျွန်တော်ပြောခဲ့သလိုပဲ..နည်းနည်းပင်ပန်းခဲ့ရလို့ပါ"
"အေးပါကွယ်..ဒါပေမယ့်ကောင်လေးအခုမပင်ပန်းရတော့ဘူး..အခုကောင်လေးက အမေ့သားဖြစ်သွားပြီ..အမေ့အိမ်မှာနေ..ဘာအလုပ်မှလဲမလုပ်ရဘူး..အမေကသားကိုမှည့်တစ်ပေါက်မစွန်းအောင်ထားမယ်"
အမေ့စကားကြောင့် ဝေဟင်ရယ်ရင်း ဝမ်းသာအားရခေါင်းငြိမ့်ပြလိုက်သည်
"အမေ..ဒါကကျုပ်ပြောရမယ့်စကားမဟုတ်ဘူးလာ"
"ဘယ်သူပြောပြောအေ"
YOU ARE READING
Storie d'amore"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...