Uni....
"အမေ..မျက်နှာက ဘာဖြစ်တာတုန်း "
ထမင်းဝိုင်းတွင် လှည့်ပတ်ကာကြည့်ရင်း မေးမိသည်..မနက်နိုးကတည်းက အိမ်ကတော်တော်လေးတိတ်ဆိတ်နေတာဖြစ်သည်..အရင်နေ့တွေကဆို ခုချိန် တော်တော် ဆူနေပြီ...အမေကလဲ မျက်နှာငယ်နေသလို အဘကလဲ မျက်နှာထားကတင်းလွန်းနေသည်..
ဓာတ်တိုင်ကြီးမျက်နှာကတော့ မျောက်အိုမ ကလေးမမွေးနိုင်သည့်ရုပ်.."သာစည်အောင်..ထမင်းဝိုင်းမှာ စကားမများနဲ့"
အဘက ငေါက်တော့မှ သာစည်အောင် နှုတ်လမ်းလေးမဲ့ကာ ထမင်းဆက်စားလိုက်သည်...
တော်တော်ထူးဆန်းနေကြတယ်..ငါ့အိမ်ကလူတွေ လူစားလဲခံလိုက်ရတာလား..."နေပြည့် ရွာထဲသွားမယ်"
"မလိုက်သွားနဲ့..သွားချင်မင့်ဘာမင့်သွား..နေပြည့်ကိုငါပြောစရာရှိတယ်"
အဘစကားကြောင့် နေပြည့်ကိုလှမ်းဆွဲသည့်လက်တို့ရပ်တန့်သွားရသည်..အဘက ဘာလို့ နေပြည့်နဲ့နှစ်ယောက်တည်း စကားပြောချင်တာလဲ...
"ကျုပ်ရှိတုန်းပြော"
"သွားမှာဖြင့်သွား"
"နေပြည့်မပါရင် မသွားဘူး"
ခပ်ဆတ်ဆတ်ပြောတော့ အဘက ဆဲဆိုရန်ဟန်ပြင်ပြီးမှ သက်ပြင်းချကာ အိမ်ထဲဝင်သွားလေသည်..
ထိုအခါမှသာစည်က ကြောင်အအဖြစ်နေသော နေပြည့်ကိုလက်တို့ကာအပြင်ခေါ်ထုတ်ခဲ့တော့သည်.."နေပြည့်..အဘနှင့်အမေဘာဖြစ်နေကြတာတုန်း"
ခြံပြင်ရောက်ရောက်ချင်း အလျင်စလိုမေးလိုက်တော့ နေပြည့်ကမထုံတက်သေးလုပ်နေသည်...နှစ်ခါသုံးခါမေးတော့မှ အင်တင်တင်ပြောလာသည်..
"ကောင်လေး..ညကဘာတွေဖြစ်ခဲ့လဲ မမှတ်မိဘူးလား..သေချာစဥ်းစားပါအုန်း"
သူ့စကားကြောင့် သာစည်ကြောင်တောင်တောင်ဖြစ်သွားရသည်..ညက ဘာကိစ္စတွေဖြစ်ခဲ့သေးသလဲ..
"ကိုယ်အစဖော်ပေးမယ်နော်..ညက ကိုယ်မင်းကိုလာကြိုတယ်..အဲ့မှာမင်းနှင့်ကိုယ်စကားတွေအများကြီးပြောကြတယ်လေ.."
သာစည် ခေါင်းလေးကုတ်ရင်းစဥ်းစားကြည့်တော့ညဝိုးတဝါးလေးပေါ်လာသည့်ပုံရိပ်များ..
YOU ARE READING
Romance"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...