Uni...
"ဇာနည်လင်းယုန် သွားတော့မှာလား"
လင်းယုန်ခေါင်းငြိမ့်ပြလိုက်သည်..တောသို့ပျိုးနုတ်သွားမည်ကို လိုက်ချင်နေပါသော ဝေဟင်က အတော်လေးတက်ကြွနေ၏..တိမ်တွေကင်းစင်နေသည့်မိုးကောင်းကင်က နေပူမည်ကိုညွှန်းနေသည်မို့ လင်းယုန်ကတော့ တောကိုခေါ်မသွားချင်ပါ..
ထို့ကြောင့် စောစောထပြီး မြန်မြန်သွားရန်စဥ်းစားသော်ငြား ဝေဟင်က ကိုယ့်ထက်အရင်နိုးနေသည်.. ထမင်းကိုသွက်သွက်စားပြီး သွားနှင့်ရန်ပြင်သော်ငြား ဝေဟင်က.ကိုယ့်ထက်ပင်မြန်အောင်စားကာ အဆင်သင့်စောင့်နေပြန်လေသည်..
မလိုက်နဲ့ပြောလဲ ရမည်မဟုတ်ပေ..နေကလဲ အတော်ပြင်းမည်မို့ ဝေဟင့်ကိုခေါ်မသွားချင်ပါ..မောင့်ဝေဟင်က နုနုနယ်နယ်လေး...နေပူဒဏ်ကိုမခံခိုင်းနိုင်ပေ..
"ဝေဟင်..နေခဲ့မလား..."
"ငါလိုက်မယ်ပြောထားပြီးသားမလား"
ရှုတည်တည်ပြောတော့ လင်းယုန်ဘာပြောရမှန်းမသိပေ..အမေ့ကိုကြည့်တော့လဲ အမေက မျက်စိမှိတ်လိုက် ပါးစပ်ရွဲ့လိုက်နဲ့ပင်..
"ငှက်ကြီး သွားကြမယ်..နေမြင့်ရင်ပူတယ်"
ခြံဝကတင်အော်ရင်း ဝင်လာသော သာစည်နှင့်သူ့လူ..အဲ..သူ့အိမ်ကလူ..
"အေ့..ဟိုဟာ..ခန့်ထည်နှင့်ဗညားကိုစောင့်အုန်းမယ်..သူတို့လဲ အိမ်လာဦးမယ်ထင်တယ်"
"ရောက်ပြီဝေ့..သွားရအောင်"
ကွက်တိရောက်လာသော ခန့်ထည်နှင့်ဗညား...တောင်နှင့်မြောက် ဘယ်လိုဆုံလာသည်မသိ နှစ်ယောက်သားတွဲလာခြင်းဖြစ်သည်..
လူစုံပြီမို့ လင်းယုန် ခမောက်ကိုဆောင်း အပေါ်လွှာဝတ်ပြီး အိမ်အောက်ဆင်းတော့ ဝေဟင်ကပါလိုက်လာသည်..."ထွေးလင်းယုန်!
ထိုစဥ် ခြံထဲပြေးဝင်လာပါသော အစ်မဗေဒါ၏သား..တူတော်မောင် ဖိုးစည်..
"ဖိုးစည်..ဘာတုန်း"
"တောသွားမှာမလား..သားလဲလိုက်မလို့..."
သွက်လက်စွာပြောလာသည်ကြောင့် လင်းယုန်စိတ်ညစ်မိသည်..အိမ်က လူကြီးကိုပင် တားမရသေးသည်ကို နောက်ထပ်ကလေးရောက်လာပြန်ပြီ
YOU ARE READING
Romance"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...