Uni...
"ဘယ့်နှယ်ကွာ..ကြက်ကိုများ ခိုးရသလို့!
နေပြည့် သာစည်အောင့်အဖေအား မချိပြုံးလေးသာပြုံးပြနိုင်တော့သည်..ထင်သည့်အတိုင်းပင် အိမ်ပြန်ရောက်တော့ ကြက်ရှင်က အိမ်ရောက်နေနှင့်ပြီးတိုင်တန်းထားနှင့်ပြီဖြစ်သည်..သာစည်အောင်ကသာ စပ်ဖြီးဖြီးလုပ်နေပေမယ့် နေပြည့်ခမျာ ရှက်တာရော ကြောက်တာရောမို့ ငိုချင်သလို...
"သာစည်အောင်..မင့်ပယောဂမကင်းဘူးမလား..နေပြည့်ကတော့လုပ်မှာမဟုတ်ဘူး"
"ဟာ..ဘယ့်နှယ်ကွာ အဘရာ သူ့သူကြက်သားစားချင်လို့ ခိုးတာကို..!
"သာစည်အောင်မောင်း မင်းအကြောင်းငါမသိရင်ခက်မယ်..နေပြည့်ပြောစမ်း သူခိုင်းတာမလား!
"အဲ့လိုတော့လဲမဟုတ်ပါဘူး..ကျွန်တော်ကိုက လိုလိုလားလားလုပ်တာပါ.."
နေပြည့် ခေါင်းလေးငုံ့ရင်းပြန်ပြောမိသည်..
"အဘကလဲ ကြက်ကခိုးလိုက်ရတာလဲမဟုတ် ..အပြောကခံရသေး..!
"သာစည်အောင်!
"အဘကလဲ...နေပြည့်က ဘာသိမှာလဲ ပိုင်ရှင်မသိဘူးထင်လို့နေမှာပေါ့..သည့်လောက်အပြစ်မဆိုပါနဲ့!
သာစည်အောင် အမေက အိမ်ထဲမှ ရေနွေးကြမ်းဗန်းကိုကိုင်ကာထွက်လာရင်းပြောသည့်အခါ သာစည်အောင်က ထောက်ခံသယောင် ခေါင်းတငြိမ့်ငြိမ့်... နေပြည့်မှာသာ မနေတတ်မထိုင်တတ်..
"အမေကြီး..မင့်ဘာသိလို့လဲ..ဒါ မင့်သားခိုင်းတာမှန်းသိသာနေတာ!
"အို..ကျုပ်သားက ခိုင်းရင်ခိုင်းတယ်ပြောမှာပေါ့..နေပြည့်..မင့်ကပိုင်ရှင်မရှိဘူးထင်လို့ လုပ်တာ..ဟုတ်တယ်မလား!
နေပြည့်ဘက်ကို ကြည့်ရင်းပြောလာသည်မို့ နေပြည့် ယောင်နနခေါင်းငြိမ့်ပြလိုက်သည်..
"ပြောသားပဲ..ကျုပ်သားက ဒီလိုမျိုးတွေခိုင်းပါ့မလား."
သူ့သားဘက်ကိုကာဆီးနေသော သာစည်အောင့်အမေအား နေပြည့်ဆလံသရပါသည်... သာစည်အောင်က အမေနဲ့တူတာကိုး...
နောင်များ ဒီအိမ်မှာနေရလို့ကတော့ ဒီသားအမိနဲ့တင် ငါပြားလောက်တယ်..စိတ်ထဲမှတွေးရင်း သက်ပြင်းသဲ့သဲ့သာချမိသည်..
YOU ARE READING
Romance"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...