Uni....
ခြောက်ယောက်သား မီးပုံပျံ၌မီးစာထည့်ကြပြီး အတူကိုင်ကာ စလွှတ်ကြသည်..ယောလူငယ်များ သီတင်းကျွတ်မီးထွန်းပွဲတော်.. ဟုစာတန်းပါသော ကြီးမားလှသည့်မီးပုံးပျံက လေတွင် လေးဖင့်စွာစတင်ပျံဝဲလှသည်..တမြေ့မြေ့တောက်လောင်နေသည့်မီးစာကြောင့် မီးပုံပျံကကောင်းကောင်းကြီးဝဲပျံနေ၏..
အပေါ်ရောက်သွားသည်အထိ အကြည့်မလွှဲနိုင်ဘဲဆက်ကြည့်နေတော့ မျက်လုံးတို့ကိုလာအုပ်သည့်ကလက်တစ်စုံ..
"လူပေါ်ကျနေမှဖြင့်...လာလာ.."
လက်ကိုဆွဲကာ ဘေးကိုဆွဲခေါ်သွားသော ဇာနည်လင်းယုန်ပင်..
"ဇာနည်လင်းယုန်..မီးပုံပျံကြီးကလှလိုက်တာ"
"ဟွန့်..အစောကတော့မောင်ဆို"
ဆူပုတ်ရင်းပြောလာသည့်ဇာနည်လင်းယုန်ကြောင့်ဝေဟင်ခပ်သဲ့သဲ့လေးရယ်လိုက်သည်..
"မီးပုံပျံလွှတ်ရတာစိတ်လှုပ်ရှားစရာကြီး..ပြန်ကျသွားမှာကို တွေးကြောက်မိတယ်"
"မောင့်ဝေဟင်ကြိုက်ရင် မောင်ကမီးပုံပျံတွေအများကြီးလုပ်ပေးပါ့မယ်"
"တကယ်လား..မင်းလုပ်တတ်တယ်ပေါ့"
ဇာနည်လင်းယုန်ကခေါင်းငြိမ့်ပြလာသည်ကြောင့်ဝေဟင် အံ့သြမိသလို ချီးကျူးမိပါသည်..
"တစ်ခုလောက်ပဲလုပ်ပေး..ငါရောလုပ်ကူမယ်"
"မောင့်ဘာမောင်လုပ်ပါ့မယ်..မောင့်ကိုပဲချစ်ပေး"
လူကိုလာကျီစယ်နေသော ဇာနည်လင်းယုန်ကိုဝေဟင်မျက်စောင်းထိုးလာသည်..ဇာနည်လင်းယုန်ကတော့ ဂရုမစိုက်စွာဝေဟင့်လက်ကို လာကိုင်သည်..
ထို့နောက် ပျံနေသော မီးပုံပျံကိုမော့ကြည့်နေသည်ကြောင့် ဝေဟင်ပါလိုက်ကာမော့ကြည့်မိသည်...ဆိုင်းသံ ဗုံသံတွေအပြင် သံချပ်သံတွေပါဆူညံနေသည်ကြောင့် အလိုလိုတက်ကြွပျော်ရွှင်ရသည်..ထို့ပြင် ချစ်ရသူကလက်ကလေးပါဆွဲထားသည့်အခါ ပျော်ရွှင်မှုကတိုင်းတာမရဘဲ ကြည်နူးရိပ်တို့က တရွေ့ရွေ့တိုးရင်း..အချစ်တွေလဲ တမြေ့မြေ့တိုးရင်း..
YOU ARE READING
Romance"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...