Uni...
"မောင်လေး ဂရုစိုက်လို့သွားနော်..မောင်လေးနေပြည့်..သေချာခေါ်သွားအုန်း"
ဒီနေ့ နေပြည့်နဲ့အတူမြို့ကိုလိုက်သွားမည်ဖြစ်သဖြင့် မသွားခင်အမေနှင့်အဘကိုကန်တော့ခြင်းဖြစ်သည်..အမေက စိုးရိမ်တကြီးဖြင့်မှာတမ်းချွေနေသည်မှာပင် မပြီးနိုင်မစီးနိုင်..
"ဟုတ်ကဲ့..ကျွန်တော်သေချာခေါ်သွားပါ့မယ်"
"မြန်မြန်လည်းပြန်ခဲ့ကြ.."
"အမေရယ် ကျုပ်ကလေးလဲမဟုတ်တော့ဘူး..အားကြီးပူတာပဲ"
"ပူရတာပေါ့..ဒီသားတစ်ယောက်ပဲရှိတာ..ကောင်းကောင်းနေ"
"ဟုတ်ပါပြီအမေရယ်..သွားတော့မယ်..ရထားမမှီဘဲနေလိမ့်မယ်"
ထို့နောက်နှစ်ယောက်သား လှည်းပေါ်တက်ကြသည်..လှည်းနဲ့ရထားဘူတာအထိသွားပြီး ထိုမှရထားစရမည်ဖြစ်သည်
"သာစည်အောင်မောင်းတို့ကစံပဲဟေ့..မြို့တက်ပြီးတောင် ယောက်ျားသွားတောင်းအုန်းမယ်"
ရယ်သွမ်းသွေးကာပြောရင် လာသည့် လင်းယုန်နဲ့အစ်ကိုဝေဟင်တို့ကိုတွေ့သည့်အခါ သာစည်နှာခေါင်းရှုံ့လိုက်သည်..
"ဘာတုန်း"
"မြို့လိုက်သွားဖို့ကိုပြောတောင်မပြောဘူးနော်..ခွေးသား!
ဇာနည်လင်းယုန်ကထဆဲတော့သည်..သူတို့ကိုပြောရင် ခုလိုပေရှည်မှာသိလို့မပြောတာ..
"သိပြီပဲမလား.."
"အစ်ကိုနေပြည့်ပြောမှသိတာကွ..မသာရ..အားကြီးပါ့ကို"
"ဒီလိုပဲဖြစ်သွားတယ်... မင့်နားလည်မှာပါ"
"အေးပါကွာ..ယောက်ျားတောင်းသွားတာနားလည်ပေးရမှာပေါ့"
"ကြီးတော်ကိုယောက်ျားတောင်းလား.."
တစ်ယောက်တစ်ပေါက်ပြောနေကြစဥ်.ဝေဟင်နေပြည့်အနားသွားလိုက်သည်
"နေပြည့်..ဂရုစိုက်နော်..မင်းအဖေနှင့်အမေကိုလဲသေချာပြောခဲ့..သူတို့လက်ခံမှာပါ"
"အင်းပါ"
ပုခုံးကိုအသာပုတ်ရင်းပြောသည့်အခါနေပြည့်ကာခေါင်းငြိမ့်ကာပြန်ပြောလေသည်..
YOU ARE READING
Romance"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...