Uni...
"မောင်လေးဝေဟင်..နည်းနည်းပြည့်လာပါ့လား"
အစ်မဗေဒါက ရယ်ပြုံးရင်းဆိုသည်မို့ ဇာနည်လင်းယုန် ဝေဟင့်အား ကြည့်မိသည်..တကယ်လဲဟုတ်ပါသည်..ဝေဟင်ကရောက်ခါစကထက် နည်းနည်းလေးပိုပြည့်လာသည်...
ဝေဟင်ကလဲ သူ့ကိုယ်သူပြန်ကြည့်ပြီးနောက် ပြုံးစစဖြစ်သွားလေသည်...
"ဟုတ်တယ်..ဒီမှာက အိပ်လိုက်စားလိုက် အလုပ်ပဲရှိတော့ အဆီတွေတက်နေပြီ"
"မောင့်ဝေဟင်က ပြည့်ပြည့်လေးနဲ့ပိုချစ်စရာကောင်းတာ..ပိန်တော့လဲ"
မဗေဒါအားပြောသည်ကို ကြားမှဝင်ပြောတော့ ဝေဟင်က ခပ်စူးစူးကြည့်လာပြန်သည်မို့ ပါးစပ်းလေးပြန်ပိတ်ရသည်..
"တမောင်မောင်နဲ့!
တစ်ကိုယ်တည်းကြားရုံတီးတိုးရွတ်ဆိုလိုက်သော်ငြား နားပါးသောလင်းယုန်က ကြားလိုက်ရသည်မို့ ခပ်ပြုံးပြုံး..
အမှတ်မရှိဘူးပြောလဲ ပြောပါစေတော့..ဝေဟင့်ရှေ့ရောက်ရင် မောင်ဆိုတဲ့ အသုံးက အော်တိုထွက်လာပြီးသား..."အစ်မ..ကောက်စိုက်တော့မှာလေ..အ့တာပြောရအောင်လာခဲ့တာ"
"အော်..ဘယ်နေ့စိုက်မှာလဲ"
ဗေဒါက ရေနွေးကြမ်းလေးများငှဲ့ပေးရင်းပြန်မေးလာလေသည်..
"နောက်အပါတ် စိုက်မှာ..အစ်မလာမယ်မလား"
"လာရမှာပေါ့..လာခဲ့မယ်..လာခဲ့မယ်"
နှစ်တိုင်းကောက်စိုက်တိုင်း မဗေဒါပါသည်..ထိုတင်မက လင်းယုန်၏တစ်မျိုးလုံးက ကောက်စိုက်ပေါင်ကြသည်..သူတို့အိမ်အလုပ်ရှိပေမယ့် လင်းယုန်တို့မိသားစုကိုတော်တော်ငဲ့ရှာကြပါသည်...
မဗေဒါတို့ စီးပွားရေးလုပ်နေသည့် ထန်းတောကလဲ လင်းယုန်အပိုင်မို့ လင်းယုန်ကိုတော်တော်လေး ကျေးဇူးဆပ်ချင်ကြသူများဖြစ်သည်.."အစ်မဗေဒါ ထန်းရည်ဆိုင်ကမဖွင့်သေးဘူးလား"
"အင်း..စောသေးတယ်လေ..မင်းအစ်ကိုတောင် ထန်းရည်ချလို့မပြီးသေးဘူး"
အစ်မပြောမှ လင်းယုန်ထန်းတောထဲကြည့်မိသည်..အပင်နှစ်ဆယ်လောက်ကို အစ်ကိုတစ်ယောက်ထဲ တက်လိုက်ဆင်းလိုက်နဲ့ ဆိုင်တစ်ခုလုံးစာအတွက် ထန်းတက်ရသည်ထင်၏..
![](https://img.wattpad.com/cover/351897994-288-k295149.jpg)
YOU ARE READING
Romansa"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...