Uni...
"တောက်ခ်..ဘာမှလာမပြောနဲ့..အဲ့ဒီခွေးလိုကောင်ကို ငါထပ်မမြင်ချင်ဘူး"
ဦးမောင်စန်းက စိတ်တိုစွာအော်လိုက်တော့ မိန်းမဖြစ်သူက အနည်းငယ်တော့ရှိန်သွားသည်..သို့သော်ငြား အရဲစွန့်ကာ တီးတိုးဆိုရပြန်သည်..
"ယောက်ျားရယ်..သားလေးကသူ့အမှားသူသိနေလောက်ပါပြီ..ယောက်ျားနှစ်ယောက်ယူလို့ ဘာမှပြောင်းလဲသွားတာလဲမဟုတ်ဘဲနဲ့....သွားပြန်ခေါ်ကြရအောင်ပါ"
သားဖြစ်သူ ခိုးရာလိုက်သွားပြီဟု သိသောနေ့မှစ၍ အမေဖြစ်သူကသာ စုံစမ်းကာပူပန်နေရှာသော်ငြား ဦးမောင်စန်းကတော့ အမွေပြတ်ဟုသာပြောပြီး သားဖြစ်သူကိုလှည့်မကြည့်တော့ပေ...အတော်ကြာ.စုံစမ်းပြီးမှ ဘယ်မှာရှိနေမှန်းသိရပြီမို့ သားကိုပြန်လိုက်ခေါ်ချင်ပါသည်..သို့သော် ဦးမောင်စန်းက လက်မခံချင်...
"ဘာမှလာမပြောနဲ့..အဲဒီအခြောက်ကောင် ငါ့ကိုအရှက်ခွဲပြီးမှ ဘယ်လိုမှပြန်မခေါ်ထားနိုင်ဘူး..သေသေရှင်ရှင် ပစ်ထားလိုက်စမ်းပါ"
"စိတ်ကစားတဲ့အရွယ်ပဲ..ဘာဘာညာညာလျှောက်တွေးတာပေါ့.ဘယ်လောက်များ ပေါင်းနိုင်ကြမှာလဲ..ယောက်ျားရယ် သားလေးကိုပြန်ခေါ်ပြီး ပညာတတ်ကြီးဖြစ်အောင် ပြန်ပျိုးထောင်ပေးရမယ်လေ"
"သူ့ဟာသူ သူနဲ့တန်တဲ့လမ်းကို..သူနဲ့ထိုက်တဲ့လမ်းကိုရွေးသွားတာ..ငါကဘာမှငဲ့ကြည့်မနေတော့ဘူး..သူနဲ့တန်တဲ့နေရာမှာဘဲနေပါစေတော့!
"ရှင့်ဘာရှင်မာနတွေထားနေတော့..ကျွန်မကတော့ ကျွန်မသားကို မရရအောင် သွားပြန်ခေါ်ရမှာပဲ!
ကြည့်လာသော အကြည့်စူးစူးကိုဂရုမစိုက်ဘဲပြောလိုက်သည်..သူမ၏ ရွေလိုအဖိုးတန်သားလေးကို.အဆုံးရှုံးမခံနိုင်ပေ..သူမဖြစ်စေချင်တဲ့ ဆရာဝန်ကြီးဖြစ်အောင်လုပ်ခိုင်းရမည်..သို့မှသာ သူမလည်း အသိုင်းဝိုင်းကြား ပွဲလယ်တင့်နိုင်မည်...
.
.
.
.
"ဝေဟင်..လှည်းစီးလို့ဖြစ်ပါ့မလား"ဝေဟင်တစ်ယောက် ဖြေစရာမရှိပေ..လှည်းကမစီးဖူးသည်မို့ အနည်းငယ်တော့လန့်မိသည်...
လင်းယုန်က မြောက်ဘက်ကုန်းပေါ်နွားကျောင်းသွားမည်ဖြစ်သဖြင့် ဝေဟင်လိုက်သွားရန်ဖြစ်သည်..အိမ်မှာ နေခဲ့ရင် ဝေဟင်ယောင်ချာချာနဲ့အပျင်းတစ်နေမှာသေချာသည်..
YOU ARE READING
Любовные романы"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...