Uni....
"ဝေဟင်မင်းဆက် မင်းမယ် အရှက်ရောရှိသေးလား!
ဖခင်ဖြစ်သူ ဦးမောင်စန်း၏စကား...
"အဖေ ကျွန်တော်ဘာရှက်စရာမှလုပ်မထားလို့မရှက်ပါဘူး"
ဝေဟင့်စကားကြောင့် အဖေဖြစ်သူက ပို၍ဒေါသထွက်လာလေသည်..
ယောက်ျားတစ်ယောက်က ကိုယ့်ကိုလာပိုးပန်းခြင်းသည် ရှက်စရာပါသလား..
ယောက်ျားတစ်ယောက်နှင့်အတူ လမ်းတွဲလျှောက်မိသည်က ရှက်စရာပါသလား"ဝေဟင်မင်းဆက် ဖအေကိုအဲ့လိုပြောရလား.."
မိခင်ဖြစ်သူကဝင်၍ ဟောက်သောအခါ ဝေဟင်နှုတ်ဆိတ်ခြင်းဖြင့်သာတုန့်ပြန်လိုက်သည်...
"မင်းမပြောနဲ့နော်..မင်းကယောက်ျားတွေကိုကြိုက်တယ်လို့...ဟမ်.မင်းကအခြောက်လား"
"အမေ..ဘယ်လိုစကားမျိုးပြောတာလဲ!
"မင်းသာခြောက်နေခဲ့ရင်..ငါတို့မျိုးဆက်ထဲလုံးဝနေခွင့်ရမယ်မထင်နဲ့!
"ကျွန်တော် ဘယ်ယောက်ျားကိုမှမကြိုက်ဘူး..ကြိုက်ခဲ့ရင်လဲ အခြောက်လို့ပြောလို့မရဘူး"
"တစ်ခွန်းမကျန်ပြန်ပြောနေတာ..မင်းဟိုတောသားဆီကသင်လာတာလား!
အဖေ့စကားကြောင့် ဝေဟင့်ဒေါသတို့ပိုဆူလာရသည်..မျိုးရိုးကြီး ဂုဏ်မြင့်ဆိုပြီး အထက်စီးဆန်တဲ့ သူ့မိဘတွေ...သားတစ်ယောက်ကို အလေးမထားဘဲ ဖြစ်စေချင်တာပဲ လုပ်ခိုင်းတတ်တဲ့မိဘတွေ...
ကြာလေ စိတ်ကုန်လေပဲ..."အဖေ ကျွန်တော်သူ့ကိုချစ်နေခဲ့ရင်တောင် အဖေတို့မှာ တားပိုင်ခွင့်မရှိဘူး..ဘာလို့ဆို ဒါကျွန်တော့်လုပ်ပိုင်ခွင့်မလို့..ကျွန်တော်က သားသမီးတစ်ယောက်ဖြစ်နေပေမယ့် သက်ရှိလူသားလဲဖြစ်နေသေးတယ်..ထပ်ပြီးကျွန်တော့်ဘဝကိုမချုပ်ချယ်ပါနဲ့"
"အော်ဟော်..မင်းကိုက လှုပ်ချင်နေတာကို..ငါ့သားလေးတော်လှတော်လှနဲ့ အခြောက်မြင်းစီးထွက်ချင်နေတာလား!
"အမေ...တစ်ခါလောက်တော့သားအတွက်တွေးပေးပါလား..!
"ကြီးကြီးကျယ်ကျယ်တွေမပြောနဲ့..မင်းအဆောင်မှာမနေရတော့ဘူး..ခဏနေအထုပ်တွေသွားယူခိုင်းလိုက်မယ်..နောက်အပါတ် စာမေးပွဲမှ ကျောင်းဆီသွားရမယ်.ငါအားလုံးစီစဥ်ထားမယ်..မင်းကိုထပ်လွှတ်ပေးလို့မဖြစ်ဘူး..."
YOU ARE READING
Romance"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...