Uni...
"ဇာနည်လင်းယုန်..နာလိုက်တာ"
အိပ်ယာနိုးနိုးချင်း မီးဖိုချောင်သို့သွားကာ ဆိုသည့်စကားကြောင့်အမေက ဗျာဗျာသလဲလာကြည့်သည်..
"ဘယ်နှယ်ရှိတာလဲ..ဘယ်နားကနာတာလဲ"
"ပေါင်တွေတောင့်နေပြီး..တင်ပါးထဲကလဲနာတယ်..ခါးတွေ ကျောတွေရော..ဘယ်လိုနာခြင်းမျိုးမှန်းကိုမသိဘူး..ဆိုးလိုက်တာ"
ဝေဟင်မင်းဆက်ညည်းညူလိုက်သည်ကို ယောက္ခမဖြစ်သူ ဒေါ်ခင်ကြည်က ပြုံးစိစိဖြစ်သွားသည်
"မင့်တို့ကလဲ နည်းနည်းတော့ဆင်ခြင်မှပေါ့..အဟမ်း"
အမေ့စကားကို ဝေဟင်ကတော့ နားမလည်သလိုအူကြောင်ကြောင်သာဖြစ်နေ၏
"ဇာနည်လင်းယုန်..တက်လာစမ်းအုန်း"
"နွားစာစဉ်းနေတုန်းအမေ!
အိမ်အောက်တွင် နွားစာစဉ်းနေသည့်လင်းယုန်က ပြန်အော်သည်..
"ထားခဲ့ပြီးလာစမ်းပါအုန်း"
"ဟာ..မပြီးသေးတာကို..ဘာလုပ်ဖို့လဲ..ခဏနေအုန်း!
"မင့်ယောက်ျားကိုအကြည့်လာအုန်း"
"လာပြီ..လာပြီ"
ချက်ချင်းကိုလေသံပြောင်းသွားသော သားဖြစ်သူကြောင့် ဒေါ်ခင်ကြည်နှာခေါင်းလေးရှုံ့လိုက်သည်..
"အားကြီးနာနေလား..."
"အင်း"
ခေါင်းငြိမ့်ပြကာဖြေလာသည်မို့ ဒေါ်ခင်ကြည်ခမျာ ဘာလုပ်ရမယ်မသိပေ..သားဖြစ်သူကလဲ ဘယ်လောက်ကြမ်းလိုက်လဲမသိ..
"ဝေဟင်..နိုးပြီလား.."
"မင့်ယောက်ျားက ခါးတွေနာနေပြီတဲ့..မင့်နော်"
ထိုသို့ဆိုမှ ပြုံးဖြီးဖြီးနဲ့ဇာနည်လင်းယုန်က ဗျာဗျာသလဲဝေဟင့်အနားပြေးလာ၏..
"ခါးတွေနာတယ်..?
"အင်း..တစ်ကိုယ်လုံးကိုက်ခဲနေတာပဲ..ကျောတွေရောနာနေတာ..လမ်းတောင်မလျှောက်နိုင်ဘူး"
"ကြားသလား..မင့်နော်..ငါမပြောချင်ဘူး..ဘယ့်နှယ်"
"အမေဘာတွေပြောနေတာတုန်း"
YOU ARE READING
Romance"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...