Uni....
.
.
.
ယောဒေသ၏ အဓိကဂုဏ်ဆောင်ဖြစ်သော ယောဘုရားကြီးသည် ယောမြို့ရွာတွင်တည်ရှိပြီး တစ်နှစ်တစ်ခါယောဘုရားပွဲကိုကျင်းပလေ့ရှိကြသည်...
ယခုနှစ်ယောဘုရားပွဲသို့လဲ ယောဒေသမှ ယောသားယောသူအပေါင်းသွားရောက်ကြမည်ဖြစ်သည်"မောင့်ဝေဟင်...ရိုးရိုးလေးပဲဝတ်တာတောင်ဆန်းနေတုန်း"
"မင်းစကားကလဲကွာ"
လည်ကတုံးအဖြူနဲ့ယောပုဆိုးကို ပုံမှန်အတိုင်းပဲဝတ်ဆင်ထားသော်လည်း ချစ်ရသူအတွက်ကတော့ တစိမ့်စိမ့်ကြည့်ရင်း တသိမ်သိမ့်ကြည်နူးချင်စရာ...
"ယောမြို့ကလှမ်းတယ်..ဝေဟင်ဗိုက်ဆာနေမလားဘဲ"
မုန့်စိုမုန့်ခြောက်တွေကိုသိမ်းကျုံးထည့်ရင်းကိုပင် ပြောနေသေးသော ယောသားလေးပင်...
"မဆာပါဘူး..အမေပြောတာ နေ့လည်မတိုင်ခင်ရောက်မှာဆို..ဆာလဲမင်းထည့်ထားတာနဲ့တင်လောက်နေပါပြီ"
"မောင်ကဝေဟင့်အတွက်တွေးတာပါ"
"အင်းပါ..ဟုတ်ပါပြီ..အခုတော့အမေ့ကိုသွားကူချေအုန်း...ဟိုမှာ လှည်းကိုခင်းပြီးတင်စရာတွေတင်ရမယ်ထင်တယ်"
"ဟုတ်ကဲ့ပါဗျာ "
ဇာနည်လင်းယုန်ထွက်သွားတော့မှ ဝေဟင်လဲအခန်းထဲမှထွက်ကာ မှန်တင်ခုံရှေ့ထိုင်ကာ ရှေ့သို့ခပ်အုပ်အုပ်ကျနေသော ဆံပင်တို့ကို ဘေးခွဲကာ ပိကပ်နေအောင်ဖြီးလိုက်သည်...
မှန်ထဲကြည့်ရင်း ကိုယ့်ကိုယ့်ကိုယ်ကျေနပ်နေမိသည်..."ဇာနည်လင်းယုန်ကိုပိုင်ခွင့်ရခဲ့တဲ့လူပဲ"
မှန်ထဲမှကိုယ့်ပုံရိပ်ကိုယ်ကြည့်ကာပြောပြီးမှ ရှက်ရယ်ရယ်မိသေးသည်...
"မောင့်ဝေဟင်..သွားကြမယ်လေ"
ဇာနည်လင်းယုန်က နွားလှည်းပေါ်ကိုအသင့်နေရာယူပြီးမှအော်သောကြောင့် ဝေဟင်လဲ ခပ်သွက်သွက်လေးသွားကာ လှည်းပေါ်တက်လိုက်သည်
"မောင်လေး..တင်တွေနာနေမလားမသိ..အမေ အခင်းသွားယူရမလား"
သွားရမည့်လမ်းက ကျောက်ခင်းလမ်းဖြစ်သည်မို့ လှည့်ကဆောင့်မှာပင်..
YOU ARE READING
Romance"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...