Uni....
.
.
.
.
"မောင်လေး..မင့်မယ်..ဘာတွေလုပ်ရပြန်ပြီတုန်း"အိမ်ပေါ်ခြေချချခြင်း ဇာနည်လင်းယုန်ကိုဆူလိုက်တာမို့ ဝေဟင်ပါ ခပ်ရှိန်ရှိန်ဖြစ်သွားသည်..
"ဘာဖြစ်ရမှာတုန်း..အားကြီးအော်တာပဲ..ကျုပ်ဝေဟင်လန့်သွားမယ်ဗျ"
ဇာနည်လင်းယုန်ကမူပိုစွာပြောသည့်အခါ လူအားလုံးက ပါးစပ်ရွဲ့ကာကြည့်ကုန်ကြသည်..
"ထိုင်စမ်းပါအုန်း...ထိုင်စမ်းပါအုန်း.. မြို့မှာကျောင်းသွားတက်ပြီး မင့်မှာ ပေါက်တတ်ကရတွေလုပ်လာပါ့လား"
"ခဏ..ကျုပ်အရင်ပြောမယ်..ဝေဟင်ထိုင်"
လင်းယုန်က လူအုပ်ထဲ ဝင်ကာထိုင်ပြီး ဝေဟင့်ကိုပါ ထိုင်ရန်ဆွဲချသည် ဝေဟင်လဲ မချိပြုံးလေးပြုံး၍သာ ဇာနည်လင်းယုန်အနားဝင်ထိုင်လိုက်သည်..
"မောင့်ဝေဟင်..အဲ. ဝေဟင်"
မောင့်ဝေဟင်ဟု ဆိုပြီးကာမှ ဝေဟင်၏မျက်စောင်းကိုပြန်မြင်၍ အင်းအဲလုပ်ကာ စကားပြန်ပြင်လေသည်..
"ဒါက ကျုပ်အစ်ကိုဝမ်းကွဲ သန်းအောင်..ဒါသူ့မိန်းမ မဗေဒါ.."
လင်မယားနှစ်ယောက်က ပြုံးရင်းခေါင်းငြိမ့်ပြသည့်အခါ ဝေဟင်လဲမချိပြုံးလေးပြုံး၍သာ ပြန်ခေါင်းငြိမ့်ပြလိုက်၏...
"ဒါ အမေ့ညီမတွေ အရီးလေး ခင်ရီနှင့်ခင်စိန်တဲ့ ဒီနှစ်ယောက်က သူတို့ယောက်ျားတွေ...မင်းလေး ဘသန်းနှင့် မင်းလေး(ဦးလေး) ထွန်းအောင်တဲ့"
"အင်း..."
"ဒါက ဘကြီး****နှင့်****ပြီးတော့ ထွေးသားလေး ***"
ဇာနည်လင်းယုန်ရဲ့မိတ်ဆက်ပေးမှုအဆုံးမှာ ဝေဟင်တစ်ယောက် ခေါင်းပင်ချာချာလည်သွားရသည်..
"အားလုံး..ဒါကျုပ်ယောက်ျား ဝေဟင်မင်းဆက်..ကျုပ်ချစ်ရတဲ့ ဝေဟင်မင်းဆက်"
ဂုဏ်ယူမာန်ဝင့်စွာပြောသည့် ဇာနည်လင်းယုန်ကြောင့် ဝေဟင်နေရခက်သော်ငြား ပြုံးပြကာနှုတ်ဆက်လိုက်သည်..
"ဟုတ်ကဲ့ ဝေဟင်မင်းဆက်ပါဗျ.."
"လင်းယုန်..မင့် ဘာတွေလျှောက်လုပ်တာလဲ..ဟမ် မင့်မှာ သူများသမီးပျိုတွေ လိုက်ရှုပ်ရတာ အားမရလို့ သားပျိုတွေပါ ရှုပ်နေပြီလား..ဟမ်..ယောက်ျားဆိုပေမယ့် ယူပြီးရင်ယူရတော့မှာကွ"
YOU ARE READING
Romance"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...