Uni...
"မောင့်ဝေဟင်..."
အိပ်ပျော်နေသူအား အသာလှုပ်ရမ်းပြီးနှိုးသည့်အခါ အအိပ်ဆတ်သူ ဝေဟင်က ချက်ချင်းပင်နိုးလာလေသည်..
"မောင် ထတော့မှာ..ဝေဟင်အိပ်ဦးလေ..မိုးမလင်းသေးဘူး"
အိပ်မှုန်မပြယ်သေးသော ဝေဟင်က ဘာစကားမှပြန်မပြောဘဲ ထလာလေသည်..ထို့နောက် အခန်းပြင်ထွက်သွားသည်ကြောင့် လင်းယုန်ပါလိုက်ခဲ့တော့သည်..
အပြင်ရောက်တော့ မှေးစင်းသောမျက်လုံးများဖြင့် ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်နေလေသည်..ငါးနာရီမျှလောက်သာရှိအုန်းမည်ဖြစ်သဖြင့် မှောင်ရိပ်သန်းနေသေး၏.."မောင်လေးဝေဟင်..စောသေးတယ်လေ..ဘယ့်နှယ့်လို့ထလာတာတုန်း..အိပ်ချေအုန်း"
"ရတယ်ဗျ.."
ဆွမ်းချက်နေသည့် အမေက ဝေဟင့်အားအံ့အားတကြီးကြည့်ရင်းပြောသော်ငြား ဝေဟင်က မျက်လုံးကိုလက်ဖြင့်ပွတ်သပ်ရင်း ချိုသာစွာပြန်ပြောလေသည်..
"တအားမပွတ်နဲ့လေ ဝေဟင်"
"သွားပွတ်တံ ဝယ်ပြီးပြီလား"
လင်းယုန်၏သတိပေးစကားနဲ့ဆန့်ကျင်စွာပြောလာသည့် ဝေဟင်...
"အင်း..မောင်ညက ဝယ်ထားလိုက်တယ်.."
သွားတိုက်တံကိုသွားယူကာလက်ထဲထည့်ပေးလိုက်သည်..ထိုအခါဝေဟင်ကယူပြီး မျက်နှာသစ်အိုးနားသွားကာမျက်နှာသစ်နေတော့သည်..
အမေက ဘေးလာကာ လင်းယုန်၏လက်ကိုကုတ်ရင်းပြောလာသည်.."မောင်လေး..ဘာလို့ကောင်ငယ်လေးကို အစောကြီးထခိုင်းတာလဲ.."
"ဟာ..အမေကလဲ..ကျုပ်ကထခိုင်းပါ့မလား..ဝေဟင်ကထတာဗျ"
ထိုအခါမှ အော် ဟုဆိုကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဆွမ်းချက်နေပြန်တော့၏..
"လင်းယုန်ရေ..သက်ကယ်တွေလာပို့တာဗျို့!
ထမင်းစားနေကြစဥ် အရှေ့မှအော်သံကြောင့် လင်းယုန်အမြန်အဆန်ထကာ ထွက်ကြည့်ရသည်..
"အေ့..သာစည်..ဒီနားတင်ထားခဲ့..ငွေကိုနောက်နေ့လာပေးတော့မယ်..စားနေတုန်းမို့"
YOU ARE READING
Romance"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...