Part 16

2.8K 113 2
                                    

Uni..

"ကောင်လေးရယ်..ထိုင်နေပါ..ဇာနည်လင်းယုန်က ပြန်ခဲ့တော့မှာပါ..အိမ်ရှေ့က လေတဖြူးဖြူးနဲ့ ဆောင်းမြီးခါးတွေ သည်းနေပါ့မယ်"

အမေကြည်က ရေနွေးကြမ်းသော​က်နေရင်းမှဆိုလေသည်မို့ ဝေဟင် အမေကြည်အနားထိုင်လိုက်သည်..
နေဝင်ပြီးလို့ မှောင်ရိပ်သန်းနေပြီဖြစ်သော်ငြား ဇာနည်လင်းယုန်၏ အရိပ်အယောင်မျှပင် မမြင်ရသေးပေ...ထို့ကြောင့် ဝေဟင် ထိုင်ရခက်..ထရခက်...

"စိတ်မပူနဲ့..ဒီလိုနောက်ကျတာမဆန်းဘူး"

"စိတ်မပူပါဘူး"

ဝေဟင့်စကားကြောင့် အ​မေကြည်က ရယ်ရင်းခေါင်းငြိမ့်လေသည်..

"မပူဘူးဆိုလဲ ပြီးတာပဲ..ပူရင်လဲ ဘာဖြစ်လဲ ..ကိုယ့်ယောက်ျားပဲမလား"

ဝေဟင် ဘာစကားမှပြန်မပြောဘဲ မျက်လွှာချထားလိုက်သည်..

"ကောင်လေး..ဒီမှာပျော်သလောက်နေ..တစ်သက်လုံးနေချင်လဲ ရတယ်..ပြန်ချင်ပြီဆိုလည်း မင့်သဘောပေါ့ကွယ်"

ဝေဟင်အားနာနာနဲ့ပင် ထပ်ခေါင်းငြိမ့်ပြလိုက်သည်..

"ဒို့မောင်လေးကတော့ မင့်ကို အတော်ခင်တွယ်ရှာတာ."

"ဟုတ်..ကျွန်တော်နားလည်ပါတယ်"

"ကဲ ထားပါ..ထားပါ..ရေနွေးလေးသောက် မုန့်လေးစား..မုန့်က မင့်အရီးလေး ခင်ရီလာပေးသွားတာ...ကောင်လေးစားစေရအောင်လို့တဲ့..မုန့်ဆတ်ခိုင်တွေ"

စကားလမ်းလွှဲကာ မုန့်ပန်းကန်ကိုရှေ့သို့တိုးပေးရင်း ပြောသော အ​မေကြည်..
ဝေဟင်လဲ မုန့်ကိုသာယူစားလိုက်သည်..
ချိုစိမ့်စိမ့်လေးနဲ့ အတော်စားကောင်းသည်..မုန့်က ယောဓလေ့အစားအစာတစ်ခုဖြစ်မှန်းသိသာသည်က ထန်းလျက်ကြောင့်ဖြစ်မည်..ဝေဟင် ​သိထားသလောက် ဒီကလူတွေက သကြားမသုံးကြပေ..သကြားအစား ထန်းလျက်ကိုသာ ဒိုင်ခံသုံးစွဲကြလေသည်..

"​ကြိုက်တယ်မလား"

"ဟုတ်"

"ကြိုက်ရင်စား..အများကြီးလဲမစားနဲ့အုန်း..ညနေစာမစားနိုင်နေအုန်းမယ်"

ဝေဟင်ခေါင်းလေးငြိမ့်ပြလိုက်သည်..ကိုယ့်ကိုစေတနာနဲ့ပြောမှန်း ဝေဟင်နားလည်သည်မို့..

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now