Uni....
"ဖိုးစည်..ငါ့မျက်နှာပဲတကြည့်ကြည့်နဲ့ဘာဖြစ်နေတာလဲ"
စာသင်နေစဥ်တစ်လျှောက် ဖိုးစည်က ဝေဟင့်ကိုတကြည့်ကြည့်ဖြင့်ပြုံးစိစိလုပ်နေသည်လေ..
"ထွေးထွေး ဆရာလေး ဝေဟင်က ဘာလို့ဆူပုပ်ပုပ်ဖြစ်နေတာလဲ"
"ထွေးထွေးလို့ပဲခေါ်ပါဆိုကွာ..ဘယ်မှာလဲ ဆူပုတ်နေလို့ လျှောက်လိုက်ကြည့်မနေဘဲစာပဲသေချာလုပ်"
တည်ကြည်စွာပြောလိုက်သော်ငြား ဖိုးစည်ကတော့ ပြုံးစိစိနဲ့သာကြည့်နေပြန်သည်...
"ထွေးထွေးလင်းယုန်က တောမခေါ်ပြန်လို့ စိတ်ကောက်နေတာမလား"
"ဘာတွေလျှောက်ပြောနေတာလဲ"
အာသွက်လျှာသွက်နဲ့ဖိုးစည်သည် အတော်လေး အကင်းပါးလှသည်...မှန်ပါသည် ဒီနေ့လည်း ဇာနည်လင်းယုန်က တောကိုမခေါ်ပြန်ပါဘူး..
ဝေဟင်ကတော့ တောကိုလိုက်ပြီး ဘာတွေလုပ်လဲဆိုနာ စိတ်ဝင်တစားလိုက်ကြည့်ချင်သော်ငြား ဇာနည်လင်းယုန်က နေပူတာအကြောင်းပြပြီး ဘယ်တော့မခေါ်ပေ.."ဟုတ်ရဲ့သားနဲ့...နေ့တိုင်းစိတ်ကောက်နေတာကိုများ"
"မဟုတ်ဘူးပြောနေတာကို"
"ငလိမ် ငလိမ် ရေထဲမှာစိတ် ငါးလဝါကအီးနဲ့းပန်း မျက်စိနှစ်ဖက်ကန်း"
လူကိုသာပြောင်နေသော အာဂတူလေးကို ဝေဟင်ဖြင့်လက်ဖျားသာခါရလေသည်...
"မင်းနဲ့တော့..ရွာဦးကျောင်းဆရာအသစ်မြန်မြန်ရောက်လာတော့မှ"
"ဘာလဲ..ထွေးထွေးကမသင်ပေးချင်လို့လား"
"မင်းက မလေးမစားနဲ့သေချာစာမလုပ်ဘူးလေ..ဆရာတော်နဲ့မှကိုက်မှာ..အစ်မဗေဒါတို့အစားာငါခေါင်းခြောက်တယ်"
"ခြောက်မှာပေါ့ ခေါင်းမှမလျှော်တာ"
ခပ်သွက်သွက်ပြန်ပြောသည့်စကားကြောင့်ဝေဟင်ခမျာ စိတ်တွေညစ်လာရတော့သည်..
"မင်းကိုတော့ ငါမပြောတော့ဘူး..စာလုပ်..ငါလဲ စာရင်းလုပ်ရအုန်းမှာ"
ပြုံးစိပြုံးစိနဲ့ကလေးသည် ချစ်စရာကောင်းသော်ငြား စကားများလွန်းလျင်တော့ ခပ်ဆတ်ဆတ်ရိုက်ပစ်ချင်စရာ...
YOU ARE READING
Romance"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...