Uni....
"မောင်လေး လင်းယုန်..ထမင်းစားအုန်း"
တောသွားရန်ပြင်နေသည့် သားဖြစ်သူအားဒေါ်ခင်ကြည်အော်ပြောလိုက်သော်ငြားလင်းယုန်က တောသွားရန်သာပြင်ဆင်နေသည်..
"မစားချင်ဘူး..သွားတော့မယ်"
"ဟဲ့..စားသွားအုန်း. အစောကြီးရှိသေးတယ်..အမြဲမစားဘဲနေရင်တော့ လူကလဲတော့မယ်"
"ထန်းတောဝင်အုန်းမှာ..ပြီးမှတောသွားမှာ"
"လုပ်ပြန်ပြီ..ဒီထန်းရည်ပဲသောက်သောက်နေ မင့်တော့နော်"
ဘယ်လိုပင်ပြောနေသော်ငြား သားတော်မောင်က.ဂရုမစိုက်စွာပင် ထွက်သွားခဲ့လေပြီ..အစကတော့ ခံစားနေရတုန်းမို့ သောက်ပါစေလို့ လွှတ်ထားခဲ့သော်ငြား အခုတော့ဖြင့် အကျင့်ပါမည်ကိုစိုးနေရလေပြီ..
သူ့ခမျာ ထန်းရည်လေးသောက်လိုက် တောမှာအချိန်ကုန်လိုက်နဲ့ အိမ်ကပ်တယ်လို့လဲမရှိ..ထမင်းစားလဲမမှန်တော့ပေ...
ကြာရင် ခန္တာကိုယ်ကိုတစ်ခုခုထိခိုက်မိမှာစိုးရိမ်ရလေသည်"ငါ့တော့စိတ်ညစ်ပါရဲ့...ကောင်လေးကိုပ့ ပြန်သွားခေါ်ရမလို"
လင်းယုန်အမေ့စကားကို လျစ်လျူရှုကာ အစ်ကိုသန်းအောင်တို့ထန်းတောဘက်လှမ်းလာခဲ့တော့သည်..လူကထန်းရည်လေးသောက်ပြီး အလုပ်လုပ်နေရမှာ စိတ်ငြိမ်သည်လေ..နို့မိုဆိုတစ်စုံတစ်ယောက်အကြောင်းတွေးနေပြန်အုန်းမယ်...တစ်စုံတစ်ယောက်၏ အရိပ်ယောင်များကြောင့်အိမ်ထဲတွင်လဲမနေရဲပေ...
"ဟ..ဗညား"
ထန်းတောရောက်တော့ သူ့နေရာတွင်ဝင်ထိုင်နေနှင့်သော ဗညားကြောင့်အံ့သြသွားရသည်...
"မင့်လာမှာသိသားပဲ"
ဗညားက နှာခေါင်းရှံ့ကာပြောသည်..
"မင့်ကဘာလုပ်နေတာလဲ"
"ခန့်ထည်ကိုစောင့်နေတာ"
လင်းယုန်စိုက်ကြည့်ပြီးနောက် ဘေးနားသာဝင်ထိုင်လိုက်သည်..ဒီအတွဲလုပ်လိုက်ရင်မကောင်းဘဲရှိတော့မယ်..
"ခန့်ထည်ဆီသွားမယ်ဆိုရင်မလွှတ်လို့ မင့်ဆီလာမယ်ဆိုပြီးလာတာ အမေကလမ်းမြောင်ထိလိုက်လာလို့ ထန်းတောဝင်နေခဲ့ရတာ..အ့တာ ဖိုးစည်ကို ခန့်ထည်ကိုသွားခေါ်ခိုင်းထားတုန်း"
YOU ARE READING
Romance"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...