Uni....
.
.
.
အချိန်တစ်ခုကြာခဲ့ပြီးနောက် ကောက်ရိတ်သိမ်းချိန်ကိုရောက်လို့လာခဲ့လေပြီ...
ဇာနည်လင်းယုန်တို့တွေ စပါး အသွင်းနှင့်အပို့ရှုပ်နေအောင်လုပ်ရတော့၏..
ထို့ပြင် ကိုယ်တိုင်လုပ်သော လယ်နှစ်ကွက်မှာလဲ မှည့်နေပြီဖြစ်၍ ရိတ်ရတော့မည်ဖြစ်သည်"ဇာနည်လင်းယုန် ငါရောလိုက်မှာနော်"
သက်ညှာလေးက တစာစာပြောလာသည့်အခါ ဇာနည်လင်းယုန်ခေါင်းသာငြိမ့်ရပါသည်..
"လိုက်ခဲ့ရမှာ ဝေဟင်..အမေက မြို့ကို မြေပဲတွေအပို့သွားရမှာ..အိမ်မှာဝေဟင်ချည်းနေလိမ့်မယ်.."
"တကယ်လား"
ဝမ်းသာသွားပုံပေါ်သည့် မောင့်သက်ညာက တောလိုက်ရမယ်ထင်မထားပုံပင်..
"အင်း..ခမောက်နှင့်အင်္ကျီရှည်ဝတ်ခဲ့နော်.."
လင်းယုန်စကားကြောင့် ဝေဟင်ကအပြေးလေးဖြင့် ခမောက်နှင့်အင်္ကျီလက်ရှည်ကိုပြေးယူသည်..ဇာနည်လင်းယုန်ကတော့ တောမှအငှားသမားတွေအတွက်ရေဘူး စားစရာတို့ကိုယူလေသည်..
"အမေ..အခုသွားတော့မှာလား"
"အေး..စောစောပြန်လို့ ချက်နော် မောင်လေး..."
"သိပါတယ်"
အမေက ညနေမှပြန်မည်မို့ နေ့လည်စာကို တောမှစောစောပြန်ကာချက်ရလိမ့်မည်..
"သွားရအောင်ဝေဟင်..အခင်းယူခဲ့ပါအုန်း"
"ဘာလုပ်ဖို့လဲ"
"ဝေဟင်ထိုင်ဖို့လေ"
ဝေဟင်သက်ပြင်းချလိုက်သည်..တောလိုက်တာ ထိုင်နေဖို့လိုက်တယ်ထင်နေပုံပဲ..
ခေါင်းသာငြိမ့်ပြလိုက်ပြီး ယူမလာခဲ့ပေ..လင်းယုန်ကလဲ သူ့လက်ထဲကအထုပ်အထည်တွေဆီသာအာရုံရနေသည်မို့ သတိမထားမိပေ..တောရောက်တော့ လင်းယုန်၏လယ်ကွက်တွင် အငှားသားလေးယောက်လောက်ရှိသည်..အစ်မဗေဒါတို့လင်မယားနှင့်မိန်းမနှစ်ယောက်ပါသေး၏..
"လင်းယုန်..လင်ရောခေါ်လာတာပါကား"
စ,ရိတ်နေပြီဖြစ်သည့် အမျိုးသမီးကပြောတော့ လင်းယုန်က ခေါင်းငြိမ့်၏..
![](https://img.wattpad.com/cover/351897994-288-k295149.jpg)
YOU ARE READING
Storie d'amore"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...