Uni...
"ဖယ်စမ်း"
ကိုယ်ပေါ်ဖိထားသူအား သာစည် အားကုန်သုံးကာတွန်းချပစ်လိုက်သည်..ထို့နောက်ကမန်းကတမ်းပြန်ရပ်ပြီး သူ့အားစိုက်ကြည့်လိုက်သည်...
သူက မထီသရီနဲ့ကြည့်သည့်အခါ သူ့နှုတ်ခမ်းတွေဆီအကြည့်ရောက်သွားသော သာစည် အကြည့်လွှဲမိသည်..နွေးနေသေးသော နဖူးပြင်အား လက်ဖဝါးဖြင့် ခပ်ကြမ်းကြမ်းပွတ်ဆွဲပစ်လိုက်သည်..ငါ...နမ်းခံလိုက်ရတယ်....
"ခွေးကောင်..ဆင်း..မင်းဆင်းသွားစမ်း"
လက်ညိုးဖြင့်ထိုး၍အော်ပြောလိုက်သည့်အခါ ရထားပေါ်မှလူအများအပြားဝိုင်းကြည့်လာကြပြီး သူလဲ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်..
ထို့နောက်ကုန်းလျက်သားနဲ့ သာစည်အနားလျှောက်လာလေသည်"မရှက်ဘူးလား..လူတွေဝိုင်းကြည့်ကုန်ပြီ"
သူ့စကားကြောင့် သာစည် ခပ်ရို့ရို့ဖြစ်သွားသည်..ထို့နောက် ကိုယ်ရှိန်သတ်ပြီး သူ့အားပြန်ပြောလိုက်သည်..
"ဘာလို့လိုက်လာတာလဲ..."
"မင်းကိုယ့်ကိုအကြွေးမပေးရသေးဘူး..ဒိ့ပြင် နောက်ထပ်အမှုတစ်ခုတိုးပြန်ပြီ"
သူကအောက်ပိုင်းကိုမျက်စပစ်ပြရင်းပြောတော့ သာစည်သဘောပေါက်သွားသည်.သူကုန်းကွကွဖြစ်နေတာ..အစောနားကသူကန်လိုက်လို့ပဲ...
"ကျုပ်ကရွာပြန်မလို့ !
"သိတယ်လေ..မင်းငါ့ကိုရွာခေါ်သွားရမှာ"
နေပြည့်၏စကားကြောင့် အနားရောက်လာသောလင်းယုန်က မေးငေါ့ရင်းမေးသည်..
"ဘာကိုတုန်း!
လင်းယုန် သာစည်အား ရထားပေါ်တွင်စောင့်ကြည့်နေစဉ် လူတစ်ယောက်နဲ့ရုတ်ရုတ်သဲသဲဖြစ်နေသည်ကိုတွေ့ရသည်...သူသွားချင်သော်ငြား မေ့မြောနေသော ဝေဟင်က လင်းယုန်ပုခုံးထက်မှီလျက် ရှိနေသည့်အပြင်..ထားခဲ့ရန်စိတ်မချသည်မို့ မသွားခဲ့ရပေ...
ရထားပေါ်နှစ်ယောက်လုံးတက်လာပြီးမှ သူ့ဆီရောက်မလာသေးသော သာစည်ကြောင့် လင်းယုန် ဝေဟင်အား ထားခဲ့ကာလိုက်ကြည့်လာရသည်..ထိုစဉ် သာစည်နဲ့ အတူ နေပြည့်ကိုပါတွေ့လိုက်ရသည်..
YOU ARE READING
Romance"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...