Uni...
.
.
.
.
"ဇာနည်လင်းယုန်!!"ဗျ"
နွားစာကျွေးနေသော သားတော်မောင်က ပျင်းရိပျင်းတွဲထူးလာ၏
"ဗျမနေနဲ့..မင့်တို့ညက နှောက်တာ အားကြီးလွန်တယ်နော်"
"အမေကလဲ ဘာကိုတုန်း"
"ဟိုအပျိုကြီးနှင့်လူပျိုကြီးကို သွားတိုင်းတာ မင့်တို့မလား ဟိုလူက ဓားကြိမ်းကြိမ်းနေပြီ"
"ဟုတ်လား..ဟဲဟဲ"
"ဟဲဟဲနေလိုက်..ခွေးသားလေး"
သားဖြစ်သူအကြောင်း နောကျေသည့်အမေဖြစ်သူကခပ်ကြိမ်းကြိမ်းပြောကာ အပေါ်တက်သွား၏
ဇာနည်လင်းယုန်ကတော့ ရယ်နေရင်း လှမ်းမြင်နေရသော သက်ညှာလေးကိုငေး၏
နှင်းဆီပင်တို့အား ဂရုတစိုက်ရေလောင်းပေါင်းသင်နေသည်မှာ အကြည့်လွှဲရက်ဖွယ်မရှိ...
စာဖတ်နေရင် ဆွဲဆောင်မှုပြင်းတယ်ထင်ခဲ့တာ... မဟုတ်ဘူး...မောင့်ဝေဟင် ဘာလုပ်လုပ်ဆွဲဆောင်မှုပြင်းတယ်..အထူးသဖြင့် တစ်ခုခုကိုအာရုံစိုက်နေလျင် ပို၍ပြင်းရှသည်..."ဟေ့ကောင်..ငေးငေး"
သာစည်အောင်က ပုဆိုးကိုခပ်တိုတိုမရင်း ဝင်လာသည်
"ကိုယ့်လူကိုယ်ငေးတာပဲ"
"သောက်ခွေး...ငါသတင်းလာပေးတာကွ"
"ပြော"
"ဟီးဟီး..ရွာထဲမှာလေ...ဒေါ်ရင်ဋ္ဌေး တို့လင်မယားအကြောင်းပျံ့နေပြီ ...မနက်ကတင်နောင်ဂျိန်ချနေကြတာတဲ့..ဒေါ်ရင်ဋ္ဌေးလင်က ဦးမြတ်အောင်ကို သွားကြမ်းတယ်ဆိုပဲ..ဟဲဟဲ..အခုသုံးယောက်လုံး အုပ်ကြီးအိမ်မှာ..."
သာစည့်စကားကြောင့် လင်းယုန် ရယ်အားထက်ငိုအားပို၏..ဘယ့်နှယ့် ဒီလောက်ရှုပ်သွားရမတုန်း..
"ဟ..သွားမယ်လေ..ဒါဆို"
"အေး..ချက်ချင်းမပြောနဲ့နော်..ခဏလောက်အခြေနေကြည့်စို့.."
လင်းယုန်ခေါင်းသာငြိမ့်ပြလိုက်သည်..သာစည်အောင်တို့က တကယ့်မျောက်လောင်း...
"ဝေဟင်..အုပ်ကြီးအိမ်သွားမို့..လိုက်မယ်လား"
နှင်းဆီပင်အနားငုတ်တုပ်လေးထိုင်နေသည့် ဝေဟင်ကခေါင်းငြိမ့်ရင်း အနားလာ၏
YOU ARE READING
Romance"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...