Uni....
.
.
.
"ချစ်ရပါကြောင်း တေးထပ်လောင်း၍
ကဗျာမမှီ စာမမှီပါသော
မောင့်ဝေဟင်ပြာ နုနုနယ်အား
ချစ်ရေးခွင့်ပန် စာတော်ပါးသည်...ယောက်ျားအမှန် သဏ္ဍာန်တူလည်း
ချစ်ခင်နှစ်သက် စုံမက်ပါ၏...
လုပ်နိုင်စွမ်းရှိ သန်၏ဆိုလည်း
ဂရုစိုက်ကာ စောင့်ရှောက်ချင်၏....
ယောက်ျားတစ်တွေ စိတ်မရှိပေ့
ပျိုနုရွယ်သူ မိန်းမပျိုသာ
စိတ်ဝင်တစား ရွယ်သည်ဆိုလည်း
ဝီရိယမလျှော့ နောက်မဆုတ်ချင်ပု...
သွားလဲဝေဟင် စားလဲဝေဟင်
စိတ်တွင်စွဲကာ ချစ်မိကြိုက်မိ
စွဲမိပါ၍ တင်းတော်မခံ
မာနမထား မကျီစားဘဲ
မောင့်အချစ်ကို လက်သင့်ခံလို့
ပြန်၍ချစ်လေ မောင့်ဝေဟင်...............သို့/မောင့်ဝေဟင်
...................မှ /မောင်ဇာနည်လင်းယုန်"ကဗျာတစ်လွှာ..စာတစ်လွှာပါ့လား..စာပေးတာတောင်အကြောကြီးနဲ့"
လက်ထဲရှိ စာရွက်ကိုတင်းတင်းကိုင်ရင်းရေရွတ်မိသည်..
ဇာနည်လင်းယုန်ပေးလိုက်သည့် စာ..
လွှင့်ပစ်မည်ကြံသော်လဲ ပိုအားများသော သိချင်စိတ်ကို မထိန်းချုပ်နိုင်၍ ဖွင့်ဖတ်ကြည့်လိုက်ကာမှ စိတ်ထဲဝယ် တစ်မျိုးတမည်ဖြစ်သွားရသည်မို့ နောင်တရသည်...အမျိုးအမည်မသိသောခံစားချက်နဲ့ ရင်ဘတ်ထဲတွင် ပြေးလွှားဆော့ကစားနေသည်မှာနေရခက်လှသည်..."ဘာတွေလျှောက်ရေးထားမှန်းမသိဘူး!
စိတ်ပျက်ပျက်နဲ့ပင် စာရွက်ကိုလုံးချေကာပစ်လိုက်သည်..
ပစ်လိုက်သည့်နေရာက တမြတ်တနိုးရှိသော စာအုပ်များရှိရာထံသို့..
သတိမထားမိလိုက်သည်လား..သိလျက်နဲ့ပစ်သည်လား..ဝေဟင်မင်းဆက်ကိုယ်တိုင်သာသိပါလိမ့်မည်...
.
.
.ကံ့ကော်ပင်အောက်ဝယ်...
"ဟေ့ကောင်တွေရေ...ဘေးမှာ ဓာတ်တိုင်ကြီးနဲ့ကွ!
လေးယောက်လုံး ဆေးဘက်ဆီ အားကြိုးမာန်တက်လှမ်းလာခဲ့ပြီးမှ ဘေးတွင်မတ်မတ်ကြီးမြင်လိုက်ရသော နေပြည့်ကြောင့် စိတ်ညစ်သွားရသည်.နေပြည့်က တောင့်တောင့်ကြီးနဲ့ အရှည်ကြီးဖြစ်တာမို့ ဓာတ်တိုင်ဟုခေါ်ကြခြင်းဖြစ်သည်..
.သာစည်လဲ မနေ့ကဟိုကောင် ပြောသွားတာကို စိတ်မကြည်ဘဲ မျက်နှာလွှဲခဲပစ်လုပ်လိုက်သည်..
YOU ARE READING
Romance"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...