Part 8

3.3K 148 3
                                    

Uni....

လင်းယုန် အိပ်ပျော်နေသော ဝေဟင်အား အသာအယာထိတွေ့ကြည့်လိုက်သည်

"အိပ်နေတာတောင် ညို့နိုင်လှပါတယ်ကား.."

ဖြတ်!!

နှာခေါင်းချွန်ချွန်တို့အား ထိကြည့်မိသည့်အခါ ရိုက်ခံလိုက်ရသောလက်ကြောင့် လင်းယုန် လန့်သွားရသည်..

"ဝေဟင်.နိုးနေတာလား!

စကားတစ်စုံတရာမပြောဘဲ မျက်နှာလွှဲသွားသောဝေဟင်..လင်းယုန်ပြောစရာစကားရှာမတွေ့ဘဲ ဝေဟင်ကိုအသနားခံသောမျက်လုံးများဖြင့်ကြည့်နေမိသည်..သို့သော်ဝေဟင်ကလှည့်မလာဘဲ ဘေးဘက်ကိုသာအာရုံစိုက်နေသည်..
မျက်နှာချင်းဆိုင်မှနှစ်ယောက်အား အကူညီတောင်းရန်ကြည့်သော်ငြား တစ်ယောက်ခေါင်းတစ်ယောက်မှီကာအိပ်နေသူများကြောင့် လင်းယုန်စိတ်ပျက်မိသွားသည်..

"မောင့်ဝေဟင်..နားလည်ရောပေါ့..မောင်ကဝေဟင့်ကိုချစ်လို့ပါ"

"အရှက်မရှိ တမောင်မောင်နဲ့!

"ဟုတ်ပြီ..မပြောတော့ဘူး..ကျုပ်ဝေဟင့်ကိုအဆုံးရှုံးမခံနိုင်လို့ပါ..ကျုပ်ဝေဟင့်ကိုအတည်ချစ်တာပါ"

"ငါမင်းထက်ကြီးတယ်..ရိုရိုသေသေဆက်ဆံ"

"ဝေဟင်ရယ်..ကျုပ်က"

"ရိုရိုသေသေခေါ်စမ်း!

လေသံမာလာသည့်အခါ လင်းယုန်ထပ်ပြီးစောဒကမတက်ရဲဘဲ ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်သည်..

"အစ်ကိုဝေဟင်..ကျုပ်အစ်ကိုဝေဟင့်ကို မြတ်နိုးတန်ဖိုးထားပါ့မယ်"

"မင်း ငါ့ဘဝအတွက်မတွေးဘူး..ငါဘယ်လိုခံစားရမလဲမင်းမတွေးဘူး...ငါ့ခံစားချက်ကိုအလေးမထားဘူး"

"ကျုပ်..မှားမှန်းသိပါတယ်.ဒါပေမယ့်ဆက်မှားရမှာပဲ"

"အရှက်မဲ့လေခြင်း..မင်းသိပ်ကို တစ်ကိုယ်ကောင်းဆန်တာပါလား!

"ချစ်လို့ပါ..ကျုပ်ကဝေဟင်အဲ..အစ်ကိုဝေဟင့်ကိုချစ်လို့"

"ဒီမယ်..မင်းချစ်တာတွေ နှစ်တာတွေ ငါမသိဘူး..ငါသိတာ မင်းကိုငါမချစ်ဘူး"

"နောင်ချစ်လာမှာပါ..ဘာဖြစ်ဖြစ်အနေနီးရင်သံယောဇဥ်တော့ရှိလာလိမ့်မယ်.."

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now