Part 37

2.5K 95 6
                                    

Uni...

ဆန်တွေမြို့သို့သွင်းမည်ဖြစ်၍ ဝေဟင်မင်းဆက်တစ်ယောက် အတော်အလုပ်ရှုပ်နေ၏..ဆန်အိတ်တွေရေလိုက် စာရင်းပြန်ကြည့်လိုက် လာမည့်ကားမျှော်ကြည့်လိုက်နဲ့...

"အမေ ကားလာတော့မှာလား"

"မလာသေးဘူး..မင့်အရီးတို့တောင်လာအုန်းမှာ"

ခဏကြာတော့ အမေပြောသည့်အတိုင်း အရီးခင်စိန်တို့ရောက်လာကြ၏..လှည်းနဲ့လာသည်ဖြစ်ပြီး ဆန်အိတ်တို့ပါသေးသည်..

"အရီး..ရောင်းမို့လား"

"အေး..ဆန်တွေအထွက်ကောင်းလို့ဟေ့...ဒီနှစ်များများရောင်းမလို့"

ဒီနှစ်ကအရင်နှစ်တွေထက် စပါးအထွက်တိုးကြ၍တော်တော်လေး ရောင်းကြ၏..

ဝေဟင် ဆန်ချသည်ကို ခဏကြည့်နေပြီးမှ ရုတ်တရက်ဇာနည်လင်းယုန်ကို သတိရပြီးလှည့်လည်ကြည့်ရှုလိုက်သည်..ဘယ်တွေရောက်နေသည်မသိ မနက်ကတင် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်ပင်..

"အမေ..ဇာနည်လင်းယုန်ရော"

အနားတွင်ရပ်နေသည့်အမေ့ကိုမေးတော့ အမေကလဲ ဟိုကြည့်ဒီကြည့်ရှာနေလေသည်..

"သာစည်တို့ကိုအကြိုသွားတာ..ဒီနေ့ပြန်မှာတဲ့"

"အော်"

နေပြည့်ရောပါပါ့မလားဟု စိတ်ထဲတွေးမိသွားသည်...ဒါပေမယ့် သာစည်ကလူလည်ပဲ..တစ်ယောက်ထဲတော့ ပြန်မလာလောက်ဘူး..

ခဏနေတော့ ကုန်တင်ကားတစ်စီးရောက်လာပြီးဆန်တွေတင်သွား၏..အမေပါအတူလိုက်သွားသည်မို့ ဝေဟင်တစ်ယောက်တည်းကျန်ခဲ့တော့သည်...

"အရီး ထိုင်ပါအုန်း"

အိမ်အောက်မှကွက်ပျစ်ကိုညွှန်ပြရင်းပြောလိုက်တော့ ခင်စိန်နှင့်ဦးလေးကဝင်ထိုင်သည်...

"ခင်ကြည့်သားမက်က ဒီမှာတော်တော်အခြေကျနေရောပေါ့"

"မဟုတ်ပါဘူး"

"မင့်ယောက္ခမကို အလုပ်ကူနေပြီဆို..သူ့မှာ သဘောတွေခွေ့နေတာ"

အမေ့ အလုပ်တွေကိုဝေဟင်နည်းနည်းလည်လည်ဝယ်ဝယ်ရှိလာပြီဖြစ်သဖြင့် အများအားဖြင့် ဝေဟင်ကသာလုပ်လေ့ရှိပြီး အမေကတော့ မီးဖိုချောင်ကိုတာဝန်ယူ၏

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now