Part 10

3.3K 143 1
                                    

Uni...

"လုပ်ဟ..မင့်လုပ်တာ ငါးတွေလွတ်ပြီ"

ကောင်လေးက ဟောက်သည်ကြောင့် နေပြည့်အယောင်ယောင်အမှားမှားနဲ့ ငါးမျှားတံကိုမတင်လိုက်သည်..
ငါးမျှားချိတ်တွင် ဘာမှမပါလာသည်ကိုတွေ့ရသောအခါ နေပြည့် အသက်ပင်ရဲဲရဲမရှုရဲတော့..

"သောက်ဖျင်း..အားကြီးအော့တယ်"

(အော့တာက တုံးတာလို့အဓိပ္ပါယ်ရပါတယ်တဲ့ရှင်)

"ကိုယ်မှမလုပ်ဖူးတာ"

"ပေးစမ်းပါ..မလုပ်ဖူးမချည်း ဒါကတော့ လုပ်တတ်ရမပါ့..ဖျင်းကိုဖျင်းတာပါ..လအော့"

ထပ်ပြီးအဆူခံရသည့်အခါ နေပြည့်အတွန့်မတက်ရဲတော့ဘဲ ငါးမျှားတံကိုသေချာဆုပ်ကိုင်ကာ ရေအောက်ပစ်လိုက်သည်..
ကောင်လေးနှင့်သူ ငါးမျှားနေတာ နာရီနှစ်ချက်နီးပါးရှိတော့မည်ထင်...
ချောင်းစပ်ကမ်းပါးတွင် ခြေချထိုင်ကာ ငါးမျှားနေခြင်းဖြစ်သည်..
ကောင်လေးက ငါးမျှားထွက်မည်ဆိုတော့ အတင်းမရမကလိုက်လာသော နေပြည့်ခမျာ တစ်နေကုန်အဆဲနဲ့မလွတ်သေးပေ..
သူဖမ်းသမျှငါးတွေလဲ လွတ်ခိုင်းပြီး ကိုယ်တိုင်လဲ တစ်ကောင်မှမမိသေးသည်မို့ ဆဲခံထိနေရလေသည်..

"ကိုယ်လဲ လုပ်နေတာပဲ..."

"​တော် တန် တိတ်! ဖယ်ပြန်မယ်...ဘာမှလဲမလုပ်တတ်ဘူး"

ပြောကာဆိုကာ ငါးမျှားတံတွေရုတ်ပြီးသိမ်းနေသူကြောင့် နေပြည့် ပြုံးလျက်ကြည့်နေမိသည်..

"ဆူအောင့်အောင့်လုပ်နေတာလေးက ချစ်စရာလေး"

"မင့်အဘ သွားပြောလေ..ဘာချစ်စရာလဲ"

နေပြည့် မခို့တရို့လေးရယ်လိုက်သည်...အသံထွက်ရယ်ရင်လဲ အဆူခံရမှာမို့..

"ကိုယ်ကငါးမဖမ်းတတ်ပေမယ့်...ချစ်တော့ချစ်တတ်ပါတယ်"

"ဘာမှလဲမဆိုင်ပဲ..."

"ဆိုင်တာပေါ့ အချစ်ကြောင့် ကိုယ် ဒီရွာအထိရောက်လာနိုင်တယ်လေ"

သာစည် မျက်နှာလွှဲလိုက်သည်..ဘာရယ်မသိ ထိုစကားကြောင့် လူကနေရအတော်ခက်လာလေသည်..

"မင့်ဘာမင့် ဘာကြောင့်လိုက်လာလာ..တစ်လပြည့်ရင်ပြန်.."

"မပြန်ချင်ဘူး"

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now