Uni...
"ခန့်ထည် ဘယ်လိုလုပ်ကြမတုန်း"
ဗညားကမျက်လုံးပြူး မျက်ဆံပြူးမေးလာသည်..ခန့်ထည်မအီမသာ ခေါင်းခါပြတော့ သူကစိတ်ပျက်ဟန် သက်မချရင်း မျက်နှာလွှဲသွားသည်..
"ပြဿနာပ့..ငါလျှာရှည်တာ..အခု သာစည်ဘာတွေဖြစ်နေပြီလဲမသိ..ရထားကလဲဘယ်မှာဆိုက်မယ်ကမသိရ"
"ရထားဘယ်မှာဆိုက်မလဲမေးပြီး ကားနဲ့လိုက်သွားရင်ရပါတယ်..ရထားလမ်းက ကွေ့ပတ်နေတော့ ကားနှင့်သွားရင် အရင်ရောက်နှင့်မှာပဲ"
ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေသူ ဗညားအား ပြောတော့ လက်ခံကာခေါင်းငြိမ့်ပြသည်..ထို့ကြောင့် နှစ်ယောက်သား ရထားဘူတာဆီလှမ်းခဲ့တော့သည်..
ထို့နောက် ဘူတာရုံတွင်ရပ်နေသူ အမျိုးသားအားတွေ့တော့ မေးကြည့်ရသည်.."အစ်ကို မေးစရာလေးရှိလို့ပါ"
မေးငေါ့ပြလာတာကြောင့် ခန့်ထည်ဆက်မေးလိုက်သည်
"စောနားကထွက်သွားတဲ့ရထားက ဘယ်မှာဆိုက်မှာလဲ"
"အော်...ရထားကမြို့ပြင်နားမှာဆိုက်ရအုန်းမှာ..ကိစ္စလေးတွေရှိတယ်နဲ့တူတယ်..ဒါကြောင့်ထွက်ကတည်းက နှေးနှေးထွက်တာလေ"
"အော်..."
နှစ်ယောက်လုံးပြုံးမိသွားကြသည်..မြို့ပြင်ဆိုရင်တော့ ပြဿနာမရှိပေ...
"ကျေးဇူးပါ"
နှစ်ယောက်သား အိမ်ဆီသာပြန်ဦးတည်ခဲ့ကြတော့သည်...ဗညားမျက်နှာကအလုံးစုံမရွှင်သေးပေမယ့် ခန့်ထည်ကတော့ စိတ်အေးလက်အေးပင်..
"နေပြည့်လဲပါနေတာပဲ စိတ်ပူစရာမှမရှိဘဲ..ဟိုကောင်သာစည်သွက်တာကလဲ လျှပ်စီးထက်တောင်မြန်သေး"
အိမ်ပြန်ရောက်တော့ ဗညားက လင်းယုန်ကိုပြောရအုန်းမည်ဆိုပြီး အမြန်သွားသော်ငြား ခုံပေါ်ဝယ် လျော့ရဲစွာထိုင်လျက်မှိုင်နေသူအားမြင်ရတော့ မျက်လုံးပြူးမျက်ဆံပြူးဖြင့် မျက်ရိပ်မျက်ခြေပြလာသည်..ထို့ကြောင့်ခန့်ထည်ကပဲ လင်းယုန်အနားသွားကာ စူးစမ်းကြည့်ရတော့သည်
"လင်းယုန် ဘယ့်နှယ်ရှိနေတာတုန်း"
အားငယ်နေသည့် မျက်ဝန်းများဖြင့်ကြည့်လာရင်း.ခပ်တိုးတိုးဆိုသည်
YOU ARE READING
Roman d'amour"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...