Part 22

3.7K 142 3
                                    

Uni...

မောင်တို့ရွာမှာလေ... ဘာ..ဘာတွေပေါတယ်?
ပင်ထနောင်းနှင့်ထန်းပင်တွေရယ်
မန်ကျည်းဝါးပင် ပေါပါတယ်ဗျ.."

တစ်နေကုန်လုံး သီချင်းတညီးညီးလုပ်နေသော ဇာနည်လင်းယုန်အား.ဝေဟင် မျက်ကျောမတည့်တော့ပေ...အခုလဲ ရေတွင်းမှရေဆွဲရင်း တကျော်ကျော်ဆိုနေပြန်သည်
ကြိုးကြာနဲ့သီချင်းတွေအတူဆိုခဲ့ရ၍အတော်အူမြူးနေပုံပင်...

မနက်တင်မကပေ..ညနေပါ ကောက်စိုက်ကြသည်မို့ နှစ်ယောက်သားက တစ်နေ့လုံးအတူသီကျူးနေခဲ့ကြတာပင်..
တကယ်ပဲ...ကောက်စိုက်ရင်းသီချင်းဆိုတဲ့ ဓလေ့ကိုဘယ်သူစခဲ့လဲမသိဘူး..

"မောင့်ဝေဟင်..မောင်ရေဆွဲပြီးပြီ... ရေချိုးချေတော့"

ဇာနည်လင်းယုန်က ရေဆွဲပြီး၍ ဝေဟင်ရှိရာ ဇရံတာတွင်ပင်ရောက်နေလေပြီ..

"အေး!

စိတ်အလိုမကျမှုကြောင့် လေသံကအနည်းငယ်မာသွားသည်ကို ဇာနည်လင်းယုန်က အထူးတဆန်းကြည့်သည်..ဝေဟင် မသိဟန်ပြုကာပင် ရေချိူးရန်ဆင်းခဲ့တော့သည်...

သူဆွဲပေးသော တွင်းဟောင်းအေးမြမြသည် ဝေဟင့်၏ သဝန်တိုစိတ်ကလေးများကိုတော့ မငြိမ်းသတ်ပေးနိုင်ပေ..

"အရူးကောင်!

.
.
.
"မောင့်ဝေဟင်..လိမ်းဆေးလိမ်းရအောင်"

ပျင်းရိစွာ ထိုင်နေသော ဝေဟင့်ခြေကို ကိုင်ရင်းပြောသည်ကြောင့် ဝေဟင်အလန့်တကြားဖြင့် ခြေကိုရုတ်ထားမိသည်..

"ခြေတွေကိုက်နေရောပေါ့"

ဝေဟင် အံ့သြသွားသည်..ဇာနည်လင်းယုန်က သူခြေကိုက်နေတာ ဘယ်လိုသိသလဲ...

"မကိုက်ပါဘူး.."

"မောင့်ဝေဟင်..မကိုက်ဘဲရှိပါ့မလား..လယ်ထဲဆင်းထားတယ်လေ"

သူပြောမှဝေဟင်ပြန်သတိရသည်..နေ့လည်က လယ်ထဲခဏဆင်းလိုက်သေးသည်..

"ရွှံ့စိုစိုတွေက ခြေထောက်ကိုက်တယ်..လုပ်နေကျမဟုတ်ရင် တစ်ကိုယ်လုံးကိုက်ခဲနေမှာ"

"မကိုက်ပါဘူး"

ဝေဟင် ဘူးခံငြင်းတော့ ဇာနည်လင်းယုန်က.တပြုံးပြုံးဖြင့် လူကိုကြည့်နေသည်..

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now