Part 9

3.2K 136 1
                                    

Uni...

"ကြိုးကြာ..နင်ဘာဖြစ်နေတာလဲ"

ဝေဟင် ထမင်းစားနေရင်းမှ အပြင်ဘက်ကကြားနေရသော အသံတို့အား နားစွင့်ထားလိုက်သည်..လင်းယုန်၏အမေကတော့ ဝေဟင်ကိုတိတ်တဆိတ်အကဲခတ်နေသည်ကို ဝေဟင်သတိထားမိသည်..

"ဘာလဲ..နင့်ကိုငါချစ်တာသိရက်နဲ့..နင်လုပ်ရက်တယ်"

"အေး..တောင်းပန်တယ်..ရပြီလား..လာမရှုပ်နဲ့တော့"

"နင်ပြောတော့ လင်းယုန်နှင့်ကြိုးကြာက အလိုက်ဖက်ဆုံးတွေဆို..ဟမ်"

"တိုးတိုးပြောပါ..မယ်မင်းကြီးမရယ်..ငါ့နှယ်"

"မပြောနိုင်ဘူး..နင်ရက်စက်လွန်းတယ်"

"ငါ့နှယ်နော်..ငါ့ယောက်ျားတစ်မျိုးထင်ကုန်မယ်ကွ"

"ထင်ထင်"

ဝေဟင် စားပြီးပြီဖြစ်၍ ဇလုံပန်းကန်ကိုယူကာ ဆေးလိုက်ပြီး အပြင်ဘက်ထွက်ခဲ့သည်..

"ဇာနည်လင်းယုန်..ထမင်းပြီးအောင်သွားစား"

ဝေဟင်စကားကို နားမလည်သည့်ဟန်ဖြင့် ပြန်ပြည့်နေသူကြောင့် ဝေဟင်စိတ်မရှည်ဟန်ပြုတော့ ချက်ချင်းဆိုသလို မီးဖိုချောင်ထဲပြန်ဝင်သွားလေသည်..

"လင်းယုန်..နင်ဘယ်သွားတာလဲ..ပြန်လာ!

တတွတ်တွတ်အော်နေသော မိန်းကလေးသည် ဝေဟင်ရဲ့အကြည့်တို့နဲ့ဆုံသည့်အခါ မျက်စောင်းဖြင့်ကြည့်ရင်း ဆောင့်အောင့်ကာထွက်သွားလေတော့သည်..

"စိတ်ရှုပ်စရာ"

ဝေဟင်စိတ်ထဲမှ တွေးလိုက်ပြီး ဇရံတာတွင်ထိုင်ကာ ရွာအခြေအနေကိုအကဲခတ်လိုက်သည်..
ရွာကသေးသော်ငြား အဆောက်အဦနှင့်အသုံးအဆောင်တွေကြောင့် တောသူဋ္ဌေးတွေမှန်းသိသာလှသည်

ဒီနေရာမှာ အေးချမ်းမှုကို ငါရှာတွေ့ပါ့မလား...
.
.
"အစ်ကိုဝေဟင်...ငှက်ကြီးရော"

သာစည်အောင်ဆိုသူက ခြံထဲမြောက်ကြွမြောက်ကြွဝင်လာရင်းအော်မေးလေသည်..နောက်တွင်​တော့ ကိုယ့်လူသူ့ဘက်သား နေပြည့်ကအမြီးနှံ့လို့...

"ရှိတယ်.."

"အေး..သာစည်!

လင်းယုန် သာစည့်အသံကြားတာကြောင့် အခန်းရှင်းနေရင်းမှ အပြင်ထွက်ကာခေါ်လိုက်သည်.ဝေဟင်ကတော့ အိမ်ထဲမနေချင်ဟုဆိုကာ ဝရံတာတွင်ထိုင်နေသည်..

ချစ်ယောမြေမှ မောင့်အမောပြေ (ချစ်ယောမြေမှ မောင့်အမောပြေ )Where stories live. Discover now