Uni...
"မင့်..လွှတ်စမ်း..ဗလကြီးအားကိုးနဲ့!
"လွှတ်ရင်မင်းက ကိုယ့်ကိုလုပ်မှာပေါ့!
နေပြည့်က ပြီတီတီပြန်ပြောလာသည်မို့ သာစည်ပို၍ဒေါသထွက်လာရတော့သည်..
သူများ အင်္ကျီကိုယူဝတ်ပြီး အခုမှလုပ်ခံရမှာကြောက်နေရသလား..အင်္ကျီတွေရှိရက်နဲ့ကိုယ့်အင်္ကျီကို မဆန့်မပြဲ ယူယူဝတ်တာ တစ်ခါနှစ်ခါမကတော့..."မင့်ကဘာလို့ ကျုပ်အင်္ကျီဝတ်လဲ..အဲ့တာ အကြိုက်ဆုံးအင်္ကျီကွ!
"သိတယ်လေ..ငယ်ချစ်ဦးပေးထားတာမလား"
တစ်ကိုယ်လုံးကိုချုပ်နှောင်ထားသည့်အပြင် ဖက်တွယ်ထားသောကြောင့် သာစည်ခမျာ ဘာမှမတတ်နိုင်ပေ...
"သောက်ခွေး!သိရက်နဲ့ဘာလို့လုပ်လဲ..ကျုပ်တောင်သေချာမဆန့်တော့တဲ့ အင်္ကျီကိုဘာလို့ အတင်းဝတ်နေလဲ!
ဆဲဆိုလိုက်ရင်း အတင်းရုန်းကန်လိုက်တော့ သူ့ထိန်းချုပ်မှုအောက်မှ လွတ်သွားလေသည်..သို့သော်သူက လက်နှစ်ဖက်ကိုဆုပ်ကိုင်ထားပြန်လေသည်..
သာစည် ချုပ်ခံထားရသော လက်နှစ်ဖက်ကို အတင်းဆွဲသော်ငြား ကိုယ့်ထက်ပိုသန်သော သူထံမှမလွတ်မြောက်နိုင်ခဲ့ပေ.."မွ!
ရုတ်တရက်အနမ်းခံလိုက်ရသည်ကြောင့် သာစည်ခေတ္တရပ်တန့်သွားသည်..နောက်မှ ဆဲရေးရင်းအတင်းရုန်းမိသည်..သို့သော် အချည်းနှီးသာ..
"ခွေးသား!ဘာလုပ်တာလဲ..လွှတ်စမ်း!လွှတ်..အေ့ မင့်နောက်မှ ကျုပ်အဆိုးမဆိုနဲ့!
"မွ!
"အားးးးးသောက်ခွေး..လွှတ်စမ်း!
ကဆုန်ပေါက်ခုန်လိုက် ကန်လိုက်ကျောက်လိုက်လုပ်နေသော်ငြား သူ့လက်ထဲမှမလွတ်နိုင်သည့်အပြင်ပို၍သာ အနမ်းခံနေရလေသည်..တစ်ခါနမ်းတိုင်း သာစည်အောင်၏ ဒေါသတို့သည် ပို၍တောက်လောင်လာတော့၏..
"မွ..!နူးညံ့လိုက်တာ!
"ဒီခွေးသား!မင့်..သေမယ်!
"မွ!
နောက်ထပ်နမ်းခံရပြန်သည်ကြောင့် သာစည်ငိုမဲ့မဲ့ပင်ဖြစ်လာရလေသည်..
အဲ့ခွေးကဘာလဲ..ယောက်ျားချင်းကြီး..လာနမ်းနေတာ..တမင်သိက္ခာချနေသလိုပဲ..
YOU ARE READING
Romance"မောင့်ဝေဟင် အကြည်ပန်းမနွမ်းရွာကပန်းတွေဘာလို့မနွမ်းလဲသိလား" "ပန်းတွေပေါလို့မလား" "ဟင့်အင်း..မောင့်ဝေဟင်ရှိနေလို့ပါ" (မောင့်ကိုချစ်ခင်ပါ မြတ်နိုးပါ မေတ္တာရှိပါလေ... မောင့်ကိုပဲ ချစ်ခင်ပါ မြတ်နိုးပါ သစ္စာရှိပါလေ) Myanmar Oc started Date (10.9.2323) E...