နိုင်လိုမင်းထက်အချစ် (1)
ငါ့နာမည်က ဖန်းယွင်ရှန်း။ လျှိုမြို့တော်မှာနေတယ်။ ငါ့အမေက ကွာရှင်းခဲ့တယ်၊ နောက်အိမ်ထောင်ပြုခဲ့တယ်။ ငါ့ကို လျှိုမြို့မှာ ပိုက်ဆံအချို့နဲ့ထားပစ်ခဲ့ပြီး သူမကတော့ အဲဒိယောင်္ကျားနောက်လိုက်သွားခဲ့တယ်။ သူမပြောပြောနေတဲ့ "အချစ်" ဆိုတာကြီးကို ခံစားဖို့အတွက်ဖြစ်မှာပေါ့။
ငါက (၂၉)နှစ်ရှိပြီဖြစ်တဲ့ယောင်္ကျားတစ်ယောက်။ ရည်စားလည်းတစ်ယောက်မှမရှိဘဲ အခြေအမြစ်မရှိတဲ့လူပျင်းတစ်ယောက်လို့ပြောလို့ရတယ်။ ဘဝကြီးကို ငွေလေးမစို့မပို့နဲ့ဖြတ်သန်းနေရတယ်။ ငါ့မှာခြူးတစ်ပြားမှမရှိဘူးလို့ တစ်ယောက်ယောက်ကပြောချင်ပြောလိမ့်မယ်။ တကယ်လည်းအမှန်ပဲ။ ငါ့မှာရှိတဲ့ပိုင်ဆိုင်မှုဆိုလို့ မြို့လယ်ခေါင်ကအိမ်တစ်လုံးပဲရှိတယ်။ ငါ့ကိုစွန့်ပစ်ခဲ့တဲ့လူက သနားသောအားဖြင့်စွန့်ကျဲခဲ့တဲ့ တစ်ခုတည်းသောတန်ဖိုးရှိအရာလေ။
ဒါပေမယ့် အခုခေတ်မှာ အိမ်ဈေးကလည်း အဲ့သလောက်ကြီးတန်ဖိုးမရှိတော့ဘူး။ ငါလိုတစ်ကောင်ကြွက်တစ်ယောက် မိုးလုံလေလုံအိပ်လို့ရရုံလောက်ပဲရှိတယ်။
ဘဝကခါးတော့ ငါကအလုပ်ထွက်လုပ်ရတယ်။ ကြီးကောင်ကြီးမားယောင်္ကျားတစ်ယောက်က မူလတန်းကျောင်းတစ်ကျောင်းမှာ စိတ်ပညာအကြံပေးအဖြစ်နဲ့ပါ။ အမှန်အတိုင်းဝန်ခံရရင် ငါက တိုးတက်ရာတိုးတက်ကြောင်းလည်းမရှာတတ်တဲ့ ဆန်ကုန်မြေလေးတစ်ယောက်ပဲပေါ့။
တကယ်တော့ ဒီအလုပ်ကလည်း ငါ့အမေကိုခေါ်သွားတဲ့ အဲဒိလူ ရှာပေးထားခဲ့တာ။
သူ့ကိုပြန်ပေးလိုက်ရတဲ့အဖိုးအခကတော့ ငါ့ရဲ့ချောမောလှပတဲ့အမေမဟုတ်ပါဘူး။ ငါ့ရဲ့ကိုယ်ခန္ဓာပါ။ သူက အခြားယောင်္ကျားတစ်ယောက်ရဲ့ကိုယ်ခန္ဓာကို အတင်းအကျပ်အပျော်ရှာရတာကြိုက်တဲ့သူပေါ့။ သူ့လိုလူမျိုးက ငါ့ရဲ့ချောမောလှပဆွဲဆောင်အားကောင်းတဲ့အမေကို ပျော်ရွှင်တဲ့ဘဝပေးနိုင်မယ်လို့တော့ ငါမယုံဘူး.......
ငါ့အမေကလည်း အဲ့ယောင်္ကျားကို စိတ်ရင်းမှန်နဲ့ချစ်တယ်လို့လည်း ငါမယုံပါဘူး။ ပိုက်ဆံနဲ့အာဏာပဲမက်တဲ့အမေက ဟွန်း.. အချစ်လို့တော့ခေါင်းစဉ်လာမတပ်နဲ့.. လှောင်ရယ်ပဲရယ်နေလိုက်မယ်။