(19,20)

233 20 4
                                    

(19,20)

ငါ တစ်စုံတစ်ခုကို အပြင်းအထန်စဉ်းစားနေရလို့ အတွေးရေယာဉ်ကြောထဲနစ်မြောနေတုန်းမှာ ရုတ်တရက် တံခါးခေါက်သံကြားလိုက်ရတယ်။ စားပွဲထိပ်မှာခေါင်းမော့ပြီးတွေးလိုက်မိတာက မူလတန်းကျောင်းသားလေးတစ်ယောက် စိတ်ထိခိုက်ပြန်ပြီလားလို့ပေါ့။

"ဝင်ခဲ့ပါ"

စကားသုံးလုံးကိုပြောလို့ ခေါင်းမော့ကြည့်လိုက်တဲ့အချိန် ဝင်လာလူကိုမြင်ပြီး ငါ့ရဲ့ပြုံးယောင်သန်းနေတဲ့နှုတ်ခမ်းထောင့်စွန်းတွေက ချက်ချင်းကိုတောင့်တင်းသွားခဲ့တယ်။

ဒီဇိုင်နာချုပ်အနောက်တိုင်းဝတ်စုံ၊ ခေါင်းလိမ်းဆီသုံးပြီး သေသပ်ကျနအောင် ပုံသွင်းဖီးသင်ထားတဲ့ဆံပင်တွေ... တစ်ဖက်သားရဲ့မျက်နှာက ကြောက်စရာကောင်းလောက်အောင် နူးညံ့သိမ်မွေ့နေတယ်။ အရပ်ရှည်ပြီး ကြံ့ခိုင်တဲ့ကိုယ်ခန္ဓာက သန်မာဖျတ်လတ်တယ်။ ဒီလူက ခြေဆုံးခေါင်းဆုံး မွေးရာပါပါရမီတွေနဲ့ ပြည့်စုံလွန်းလှပါတယ်။

ရှန်ဖန်!!

ဘာလို့သူကဒီရောက်နေတာလဲ!! ငါအမေနဲ့ ဟောင်ကောင်မှာရှိနေရမှာ မဟုတ်ဘူးလား?

ငါ့ခန္ဓာကိုယ်က ချက်ချင်းတုန့်ပြန်တယ်။ ထိုင်နေရာကမတ်တပ်ထရပ်ပြီး ရုံးခန်းထဲဝင်လာသူကို အသင့်အနေအထားနဲ့ကြည့်မိပါတယ်။ ရင်ဘတ်ထဲမှာတော့ နှလုံးသားက တဒိန်းဒိန်းခုန်နေပြီး ဒီလူက လူကောင်းမဟုတ်ဘူးလို့ မသိစိတ်ကပြောနေခဲ့တယ်။

"ကိုယ့်ကို မကြိုဆိုတော့ဘူးလား?"

"..." ငါ့တစ်ကိုယ်လုံးတောင့်သွားတယ်။

ငါ ခါးသက်သက်ရယ်မိပါတယ်။ ကြိုဆိုစရာဘာရှိလဲ... ချက်ချင်းမောင်းမထုတ်ပစ်တာပဲ မျက်နှာသာပေးလွန်းနေပြီ။

သူက ငါစကားပြန်မပြောတာကိုမြင်ပြီး အနားကို ဖြည်းဖြည်းချင်းလမ်းလျှောက်လာတယ်။ လည်သာဖိနပ်သံတဒေါက်ဒေါက်ထွက်လာပြီးနောက်မှာ သူ့နောက်ကတံခါးက "ကလစ်"ဆိုပြီး ပိတ်သွားပါတယ်။ ငါ့မှာရှိသမျှဆံပင်မွေးတွေလည်း ချက်ချင်းကို ထောင်သွားတော့တာပေါ့။

နိုင်လိုမင်းထက်အချစ်Where stories live. Discover now