(8)
ငါ ကြိုးချည်ထားဆဲလက်တစ်စုံကိုဆန့်ထုတ်လိုက်ပြီး ယဲ့ချန်ရှန်းရှိရာနေရာကို လွှဲရိုက်ချလိုက်တယ်။ ထိထိ မထိထိ ငါဂရုမစိုက်ဘူး။ နောက်ပြီး ငါ့ခန္ဓာကိုယ်ကို အိပ်ရာအစွန်းဆီလှိမ့်ချလိုက်တယ်။ ငါ ဒီနေရာကလွတ်မြောက်မှဖြစ်မယ်။ ဘယ်သူမှရှာမတွေ့နိုင်တဲ့နေရာတစ်ခုဆီကို....
လူက ကြမ်းပြင်ပေါ်ကိုပြုတ်ကျသွားလေရဲ့။ နာလိုက်တာ။ ဒါပေမယ့် မတ်တပ်တောင်မရပ်ရသေးဘူး၊ အင်္ကျီကနေပြန်ဆွဲခံလိုက်ရပြီး နောက်တစ်ကြိမ်အိပ်ရာပေါ်ဆွဲတင်ခံလိုက်ရပြန်တယ်။ အောင့်သွားတာပဲ။ ငါ ထွက်ပြေးချင်တယ်။ ငါ ယဲ့ချန်ရှန်းကို တစ်ချက်ကလေးတောင်လှည့်မကြည့်အားဘူး။ အိပ်ရာပေါ်ကနေသာ ကြုံးရုန်းထနေရတယ်။ ငါ ထွက်ပြေးမှဖြစ်မှာ....
"ခင်ဗျားကကျုပ်တစ်ယောက်တည်းနဲ့ပဲသက်ဆိုင်တယ်၊ သိရဲ့လား?!"
ယဲ့ချန်ရှန်းရဲ့စကားသံတွေ ငါ့နားထဲကိုဝင်လာတယ်။ ဒါပေမယ့် ငါအဖြေပြန်မပေးခဲ့ပါဘူး။ လွတ်မြောက်ချင်တယ်။ ငါ လွတ်မြောက်ချင်ခဲ့တယ် ...
"ဖြေလေ!"
သူက ငါ့ဝမ်းဗိုက်ကို ဒူးနဲ့တိုက်လိုက်တယ်။ ငါ နောက်ထပ်တစ်ကြိမ် အိပ်ရာပေါ်လဲပြိုကျသွားပြန်တယ်။ ငါ့အတွင်းကလီစာတွေ ကျွတ်ကျွတ်ဆူလာသလိုပဲ။ ဆန်ပြုတ်တစ်အိုး ငါ့ခန္ဓာကိုယ်ထဲပွက်ပွက်ဆူလာသလို ဝမ်းဗိုက်ထဲကနေ အော်ဂလီဆန်လာပြီး ပျို့အန်ချင်စိတ်ပေါက်လာတယ်။
နောက်ထပ်တစ်ကြိမ် သူ့လက်သီးချက်တွေက ငါ့မျက်နှာနဲ့တစ်ကိုယ်လုံးကို ကျရောက်လာပြန်တယ်။ ပြင်းထန်တဲ့သူ့ဒေါသတွေကို ကိုယ်စားပြုတဲ့ အချက်ချင်းစီတိုင်းက ကီလိုငါးရာအလေးချိန်လောက်ရှိပါတယ်။
"ထွက်ပြေးချင်တယ်ပေါ့? ထွက်ပြေးလို့ရတယ်လို့ပြောထားလို့လား?"
သူက ငါ့ဘောင်းဘီနဲ့အင်္ကျီတွေကို ဆွဲဖြဲပစ်လိုက်တယ် ...
ငါ့နှုတ်ခမ်းထောင့်စွန်းတွေ နာကျင်နေတုန်းပဲ၊ မျက်နှာဆိုရင်တော့ ပြောမနေပါနဲ့တော့၊ ငါ သူ့ကိုပြောလိုက်တယ် "မင်း ရူးသွားပြီလား?"