Unicode
(30,31)
အဲဒိတုန်းကတော့ ငါတွေးခဲ့တာ... ဘဝကြီးက ဒီအတိုင်းသာဆိုရင် ဘယ်လောက်များကောင်းလိမ့်မလဲပေါ့.... ဒါပေမယ့် နှစ်ပတ်ကြာတဲ့အချိန်မှာတော့ ငါတကယ့်ကိုနောင်တရခဲ့ပါတယ်။
ဒီအတောတွင်းမှာ အပြင်ထွက်ပြီး ခဏတဖြုတ်လမ်းထွက်လျှောက်ကြဖို့ ငါသူ့ကို ခဏခဏအရေးဆိုပေမယ့်လည်း အကြိမ်တိုင်းက သူ့ရဲ့စူးရဲတဲ့အကြည့်တွေအောက်မှာ ပျက်ပြားသွားခဲ့ရတယ်။ ဒါမှမဟုတ် အိပ်ရာပေါ်တွန်းလှဲခံရပြီးတော့ပေါ့။ ဒါပေမယ့် သူဒီလိုလုပ်လေ ငါ့ရဲ့တော်လှန်ချင်တဲ့စိတ်တွေလည်း ပိုလို့ ပိုလို့ခိုင်မာလာရလေပါပဲ။
တကယ်လို့မင်းသာ နေရာတစ်ခုမှာအချိန်တော်တော်ကြာ ပိတ်လှောင်ခံထားရမယ်ဆိုရင် မျှော်လင့်ချက်မဲ့ရတဲ့နာကျင်မှုကို ခံစားရမှာဖြစ်ပါတယ်။ အလွန်တရာနာကျင်ခံစားရတဲ့နေ့ရက်တွေဖြစ်လာမှာပါ။ ပြင်ပကမ္ဘာကြီးက ပြတင်းပေါက်ရဲ့တစ်ဖက်ခြမ်းမှာ သီးခြားဖြစ်နေပါတယ်။ မြင်နေရက်နဲ့ထိတွေ့မရနိုင်ပါဘူး။ အတိအကျပြောရရင်တော့ မင်းရဲ့ကျန်ရှိတဲ့တစ်ဘဝလုံး ပြင်ပကမ္ဘာကိုခြေတစ်ဖက်တောင်မချနိုင်တော့ဘူးလို့ ခံစားရကောင်းခံစားရနိုင်ပါတယ်။ အပြင်ကသစ်ပင်တွေ အဆောက်အဦးတွေ အုတ်တစ်ချပ် တိုင်တစ်လုံးတောင်မှ အဝေးကြီးမှာပါ....
တစ်ခါတစ်လေမှာတော့ မင်းက မွန်းလွဲပိုင်းလို့ထင်မှတ်နေချိန် မင်းရဲ့ခေါင်းကိုမော့ပြီး နံရံပေါ်ကနာရီကိုကြည့်တဲ့အခါ နေ့လည်စာစားချိန်တောင်မရောက်သေးတာ တွေ့ပါလိမ့်မယ်။ ကျန်ရှိတဲ့အချိန်တွေကိုကုန်ဆုံးဖို့ရာ ခက်ခဲလွန်းနေခဲ့ပါပြီ....
လူတစ်ယောက် အိမ်တစ်လုံး စိတ်ပျက်အားငယ်ခြင်းတွေကြီးစိုးရာနေရာပါ။ နံရံပေါ်ကနာရီရဲ့အသံကိုနားထောင်ရင်း အချိန်တွေက တစ်ချက်ချက်နဲ့ရွေ့လျားသွားတယ်။ ငါကတော့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ နေ့ရက်တွေကုန်ဆုံးဖို့ ဘာမှမတတ်နိုင်ဘဲ စောင့်နေရတဲ့ခံစားချက်တွေရှိလာတယ်။ အထီးကျန်ပြီးမျှော်လင့်ချက်မဲ့ရတယ်။ စိတ်အားငယ်ရတယ်။
ယဲ့ချန်ရှန်းက နည်းမျိုးစုံသုံးပြီး ငါ့ကို သူ့မျက်စိအောက်ကနေထွက်မသွားဖို့ လုပ်တယ်။ တကယ်လို့ မင်းက ဖွင့်ထားတဲ့ပြတင်းပေါက်ဘေးနားမှာ ရပ်လိုက်မိမယ်ဆိုရင်တောင် မြင်ကွင်းကနေပျောက်ပြီး ခုန်ချသွားမှာကိုတောင် စိုးရိမ်တာမျိုးပါ။
