(26)

290 17 2
                                        

(26)

နောက်တစ်နေ့ ငါနိုးလာတဲ့အချိန်မှာ ညနေစောင်းနေပြီဖြစ်ပါတယ်။ ငါ အကြာကြီးအိပ်နေမိတာကိုး။ ယဲ့ချန်ရှန်းလည်း ငါ့ဘေးနားမှာမရှိဘူး။ ငါ့တစ်ကိုယ်လုံးကိုက်ခဲနေပြီး လှုပ်လို့တောင်မရဘူး။ အိပ်ရာပေါ်မှာလှဲနေရုံပဲ တတ်နိုင်တယ်။ ငါ့ကိုယ်ပေါ်မှာလည်း ဘာဆိုဘာမှမရှိဘူး။ အဝတ်အစားလည်းမဝတ်ထားဘူး၊ စောင်လည်းမခြုံထားဘူး။

ငါ့ခြေထောက်နှစ်ဖက်ကတော့ တစ်ဖက်တစ်ချက်ဆီ ကားနေတဲ့အနေအထားနဲ့။ ဘယ်ဘက်ပေါင်ကမီးခတ်ရာက သိပ်မပြင်းထန်တော့ဘူး။ အနာဆုံးအချိန်ကို ကျော်လွန်သွားလို့ဖြစ်မယ်လို့ ထင်တယ်၊ ဒါမှမဟုတ် သူ ဆေးလိမ်းပေးထားတာလား....

ဘာကြောင့်လဲဆိုတော့ လေထုထဲမှာ ပူရှိန်းနံ့တွေရနေခဲ့တယ်လေ....

သူ မနက်အိပ်ရာနိုးတော့ ဆေးလိမ်းပေးထားတာဖြစ်နိုင်တယ်။

ငါ နာကျင်ကိုက်ခဲနေတဲ့လက်ကို ကြိုးစားပမ်းစားမြှောက်ပြီး လက်ကောက်ဝတ်က ခရမ်းပုတ်ရောင်ကြိုးရာကြီးကို စိတ်ပျက်လက်ပျက်ကြည့်မိတယ်။

ငါ့တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာဒဏ်ချက်တွေ မရေမတွက်နိုင်အောင်ရှိတယ်။ ငါ အိပ်ရာပေါ်က မထချင်ဘူး။ ကိုယ်တစ်ပိုင်းထပြီး ငါ့ရဲ့ချုံးချုံးကျနေတဲ့ ကိုယ်ခန္ဓာကို ကြည့်ရှုစစ်ဆေးဖို့တောင် ပျင်းရိနေခဲ့တယ်။ ငါလုပ်နိုင်တာက ကြီးမားတဲ့အိပ်ရာကြီးပေါ်မှာလဲလျောင်းပြီး ယဲ့ချန်ရှန်းနဲ့ငါ့ရဲ့ နောက်ဖြစ်လာမယ့်အနာဂတ်ကို ဟိုတွေးသည်တွေး တွေးဖို့ပဲတတ်နိုင်ပါတယ်။ ဒါပေမယ့် ငါ့တို့နှစ်ယောက်ကြားကအနာဂတ်ဆိုတာကို ငါပုံဖော်မကြည့်နိုင်ခဲ့ဘူး။ အကြောင်းက ဒီဖြစ်ရပ်အပြီးမှာ သူငါ့ကို အိမ်ပြင်ခြေတစ်လှမ်းထွက်ခွင့်လေးတောင် ပေးမှာမဟုတ်ဘူး။ ဒါဆို ငါက ဘာဖြစ်သွားမလဲ?

အရုပ်တစ်ရုပ်လား? တစ်စုံတစ်ယောက်ရဲ့ရမက်ဆန္ဒတွေကိုဖြည့်ဆည်းဖို့ အသုံးချခံအရုပ်တစ်ရုပ်လား။ ခံစားချက်ကြီးက.. ဘာလဲ။ ငါက အချစ်တော်အရုပ်တစ်ရုပ်ပေါ့!

ချီးပဲ.. ကောင်စုတ်လေး! မင်းရဲ့ပြင်းပြတဲ့ပိုင်ဆိုင်လိုစိတ်တွေနဲ့ ငါ့မှာ အနာဂတ်ကိုတွေးခွင့်တောင် ရှိပါဦးမလား?! မင်းကငါ့ကို ထွက်သွားဖို့ဖိအားပေးနေတာပဲ!

နိုင်လိုမင်းထက်အချစ်Where stories live. Discover now