ဘောနပ်ချပ်ပတာ
(14)
ငါ့စကားဆုံးတော့ ငါ့ခန္ဓာကိုယ်က ယဲ့ချန်ရှန်းလှမ်းဆွဲတာခံလိုက်ရတယ်။ ငါ့ကိုကြည့်နေတဲ့ သူ့အနက်ရောင်မျက်ဝန်းတွေထဲမှာလည်း တက်ကြွလှုပ်ရှားမှုတွေနဲ့ပြည့်လို့။ သူက ငါ့ပုခုံးတွေကို အားအင်အပြည့်နဲ့ချုပ်ကိုင်ကာမေးပါတယ် "ခင်ဗျား တကယ်ပြောနေတာလား?"
ငါ ခေါင်းကိုညိတ်လို့ မကောင်းဆိုးဝါးဆန်ဆန် ပြုံးပြလိုက်တယ် "အင်း.. ယဲ့ချန်ရှန်းအတွက် ငါ့စကားတွေက တစ်သက်လုံးစာအတည်"
ငါ့ရှေ့က ကောင်စုတ်လေးရဲ့အသက်ရှုသံတွေပြင်းပြနေတာ ငါခံစားမိတယ်၊ သူက ငါ့ကိုတစ်ချက်တည်းနဲ့ဆိုဖာပေါ်တွန်းလှဲချလိုက်တယ်။ ငါ့ခြေထောက်ကချိန်းကြိုးကတော့ ငါဆွဲလိုက်တိုင်း တဒေါက်ဒေါက်နဲ့။ မနေ့ညက တွန်းထိုးလှုပ်ရှားမှုရဲ့အကြွင်းအကျန်အဖြစ် ရင်းနှီးနေတဲ့နာကျင်မှုတစ်ခုက ထိုးတက်လာခဲ့ပါတယ်။
ငါ့ပုခုံးနှစ်ဖက်ကို သားရိုင်းတစ်ကောင်လို ဆိုဖာပေါ်အကြမ်းပတမ်းဖိချပြီး ငါ့နှုတ်ခမ်းတွေကိုတော့ သွားစွယ်တွေနဲ့ကိုက်လာတယ်။ ကမ္ဘာဦးသားရဲတိရစ္ဆာန်တစ်ကောင် အချစ်နဲ့တွေ့သလို သူ့အပြုအမူတွေကသိပ်ကိုအရိုင်းဆန်တယ်။ အထိန်းအကွပ်မရှိဘူး။
"ဟင့်..."
သူက အထက်စီးဆန်ဆန်ပဲ ငါ့နှုတ်ခမ်းတွေကိုဖွင့်ဟလို့ အတွင်းထဲဝင်ရောက်စူးစမ်းလာတယ်။ ငါတို့သွားတွေချင်း ခိုက်မိကုန်တာတွေ သူစိတ်မဝင်စားဘူး၊ ငါ့ခံတွင်းထဲကိုသာ အတွင်းဆုံးထိခြယ်လှယ်နိုင်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်။ ဒါကို လူတိုင်းကိုလိုက်မေးကြည့်ရင် အကြင်နာအနမ်းမှမဟုတ်တာလို့ ပြန်ပြောကြလိမ့်မယ်။ ဒါပေမယ့် ငါ့ကိုလာမေးရင်တော့ သူ့အချစ်တွေကိုဖော်ပြတဲ့နည်းလမ်းလို့သာ ပြန်ဖြေလိုက်ပါ့မယ်။
သူ့အချစ်တွေက...သားရဲတစ်ကောင်အမဲလိုက်သလိုမျိုး.. နာကျင်မှုတွေနဲ့အတူ.. နိုင့်ထက်စီးနင်းဆန်တယ်...
ငါ့ရှပ်အင်္ကျီကြယ်သီးတွေ ကြမ်းပြင်ပေါ်တတောက်တောက်နဲ့လိမ့်ဆင်းကုန်တယ်။ ချန်ရှန်းရဲ့လက်နှစ်ဖက်ကတော့ ငါ့ဦးခေါင်းဘေးတစ်ဖက်တစ်ချက်မှာ ထောက်ထားတယ်။ သူက သူ့နှုတ်ခမ်းထောင့်စွန်းမှာပေနေတဲ့သွေးတွေကို လျက်လိုက်ပါတယ်။ သွေးတွေက ငါ့သွေးတွေပါ၊ သူငါ့ကိုကိုက်လို့ ထွက်လာတဲ့ငါ့သွေးတွေ...