(25)
ကျေနပ်ခြင်းအပြည့်နဲ့ သူငါ့ကိုယ်ထဲကထွက်လာချိန်မှာတော့ ဒီငရဲကလွတ်မြောက်ပြီလို့ ငါတွေးလိုက်မိတယ်။ ဒါပေမယ့် ယဲ့ချန်ရှန်းရဲ့နိုင်လိုမင်းထက်အကျင့်တွေကို ငါလုံးလုံးကြီးလျှော့တွက်ခဲ့သေးတာပဲ။ ဒီလုပ်ရပ်တွေက သူ့ရဲ့စိတ်မချမ်းမြေ့စရာကောင်းလှတဲ့နှိပ်စက်မှုတွေရဲ့ အစပဲရှိပါသေးတယ်။
သူ အိပ်ရာဘေးနားစားပွဲသေးလေးထဲက ပစ္စည်းတစ်ခုထုတ်လာချိန်မှာ ငါနားလည်သွားခဲ့တယ်။ ငါ တောင့်ခံနိုင်ပြီလို့ထင်ခဲ့တဲ့အရာတွေအားလုံးက အမှန်တကယ်တော့ ကနဦးအစပဲရှိသေးတာကိုပေါ့။
သူက အပူပေးကိရိယာလေးကိုကိုင်ထားတယ်။ ကိရိယာရဲ့ထိပ်မှာက တံဆိပ်ခတ်တဲ့သံပြားတစ်ပြားရှိပါတယ်။ သံပြားရဲ့ထင်သာမြင်သာတဲ့အပိုင်းမှာ စကားလုံးသုံးလုံးထွင်းထားတယ်... ယဲ့.ချန်.ရှန်း။
"ဟင့်အင်း...ဟင့်အင်းး"
ယဲ့ချန်ရှန်းလက်ထဲက ပစ္စည်းကိုကြည့်ပြီး ငါ့နှလုံးသားကတော့ တမဟုတ်ချင်းကို လေးလံသွားခဲ့တယ်။ သတ္တုပြားပေါ်ကထွက်လာတဲ့အရောင်ကိုမြင်ပြီး အရေပြားပေါ်ထိလိုက်ရင်ဖြင့် ဘယ်လောက်တောင်နာလိုက်မလဲလို့ မတွေးဘဲမနေနိုင်လောက်အောင် ဖြစ်မိပါတယ်။
ငါ့ခေါင်းထဲမှာက မိန်းမဆိုးမြေခွေးမသာကျီတီထွင်ခဲ့တဲ့ အပြစ်ပေးနှိပ်စက်နည်းစနစ်ကို သွားသတိရတယ်။ ရာဇဝတ်သားကို တိုင်မှာချည်ပြီး မီးရှို့သတ်တာလေ။ အရေပြားကိုမီးလောင်ကျွမ်းလို့ တဖြစ်ဖြစ်မြည်သံတွေ ငါ့နားထဲကြားနေရသလိုပဲ။ အသားလောင်ကျွမ်းတဲ့ညှော်နံ့တွေရော... အကုန်လုံးက ငါ့ကိုအန်ထွက်ချင်လာအောင် လုပ်ဆောင်နေပါတယ်။
ငါ့လက်တွေက နောက်ကျောမှာချည်ခံထားရတုန်းပဲ။ ဒါကြောင့် ခြေထောက်နှစ်ချောင်းနဲ့ပဲ အတင်းရုန်းကန်ရင်း အနက်ရောင်အိပ်ရာပေါ်မှာ တဖြည်းဖြည်းနောက်ကိုဆုတ်မိတယ်။
ယဲ့ချန်ရှန်းရဲ့မျက်နှာပေါ်မှာတော့ ဘာအမူအရာမှမရှိဘူး။ အေးစက်စက်မျက်နှာပေးနဲ့သူက ငါ့ခြေကျင်းဝတ်ကိုလှမ်းကိုင်ပြီး တစ်ချက်ဆောင့်ဆွဲလိုက်တာနဲ့တင် ငါ့ရဲ့ရုန်းကန်မှုတွေ အချည်းနှီးဖြစ်သွားခဲ့တယ်။
![](https://img.wattpad.com/cover/353768476-288-k153379.jpg)