(5)
အဲဒိတုန်းက ငါမသိခဲ့ဘူး။ ကိုယ်ပိုင်ကျောင်းလေးထဲမှာ ကျောင်းအုပ်ကြီးက သူ့ရုံးခန်းပြတင်းပေါက်နားမှာ မတ်တပ်ရပ်ပြီး တစ်ဖက်ကလည်းကိုင်ထားတဲ့ဖုန်းကိုပြောရင်း တစ်ဖက်ကလည်းငါနဲ့ယဲ့ချန်ရှန်းကို ကြည့်နေတယ်ဆိုတာကို။ အကုန်လုံးရဲ့အတင်းအဖျင်းစကားတွေအောက်မှာ ကျောင်းထဲကနေထွက်သွားတဲ့ငါတို့ကို သရဲနှစ်ကောင်တွေ့သလိုကြည့်နေရင်း သူက မိုဘိုင်းဖုန်းထဲ တစ်စုံတစ်ခုပြောနေခဲ့တယ်။
"ဟုတ်ကဲ့ ဒီမှာတော့ အကုန်လုံးအေးဆေးဖြစ်သွားပါပြီ၊ ဖန်းယွင်ရှန်းက ကောင်မလေးနဲ့လည်း လမ်းခွဲဖို့ဆုံးဖြတ်ပြီးသွားပြီ၊ သူ့ဘေးနားမှာ ချာတိတ်တစ်ကောင်ကပ်နေတာလေး တစ်ခုပါပဲ"
"ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်စုံစမ်းပြီးသွားပါပြီ၊ အဲ့ကောင်လေးက ကြောင်တောင်တောင်ဂေါက်တောက်တောက်လေးမို့ စိတ်ကျန်းမာရေးဆွေးနွေးဖို့ နေနေတာလို့ထင်ပါတယ်"
"ပြီးခဲ့တုန်းကလည်း ကျောင်းကန်တင်းမှာ ဆရာတစ်ယောက်ကို အကြောင်းပြချက်မရှိဘဲ ထရိုက်လိုက်ပါသေးတယ်၊ ရူးနေတာကတော့ သေချာပါတယ်"
"အိုကေပါ ကျွန်တော် သူ့ကို ခက်ခဲအောင်ဘာမှမလုပ်ပါဘူး၊ ဥက္ကဌ စိတ်ချပါခင်မျာ"
ဖုန်းလိုင်းကျသွားတဲ့အခါ ကျောင်းအုပ်ကြီးက ဆုံလည်ကုလားထိုင်ပေါ်ထိုင်ချလိုက်တယ်။ အတွေးတွေထဲမှာကတော့ 'ဥက္ကဌကတော့ ဒီမတော်ရသေးတဲ့"သား" တစ်ယောက်ကို သိပ်ဂရုစိုက်တာပဲ.......' လို့တွေးနေလေရဲ့။
ဖုန်းလိုင်းရဲ့တစ်ခြားတစ်ဖက်ခြမ်း၊ ဒီနေရာနဲ့အလွန်ကွာဝေးတဲ့နေရာ ဟောင်ကောင်ရဲ့တစ်နေရာ Kowloon ခရိုင်မှာ အသက်(၃၇/၃၈) လောက်ရှိတဲ့ ယောင်္ကျားတစ်ယောက်က ရေချိုးဝတ်ရုံကိုဝတ်ထားပြီး ခေါင်းပေါ်ကရေတွေကိုသုတ်နေပါတယ်။ သူက စားပွဲပေါ်က ဘီလ်စာရွက်တွေကိုကြည့်ပြီးပြုံးတယ်။ စာရွက်တွေက လျှို့မြို့တော်မှာရှိတဲ့ဘဏ်အကောင့်တစ်ခုထဲက အသုံးစားရိတ်အားလုံးရဲ့ အသေးစိတ်မှတ်တမ်းမှတ်ရာတွေပါ။ ဘယ်ပစ္စည်းတွေကိုဝယ်ထားတယ်၊ ဘယ်အချိန်မှာငွေထုတ်တယ်၊ နိုကီယာဖုန်းတစ်လုံးနဲ့ နောက်ဆုံးပေါ်အိုင်ဖုန်းတစ်လုံးကို ကတ်နဲ့ဘယ်လိုငွေပေးချေထားတယ်.. စတဲ့အသေးစိတ်ကပါတယ်။