(24)
ငါသိတယ်။ သူအရမ်းဒေါသထွက်နေပြီ။ ရောဂါဖောက်တဲ့အဆင့်ထိဒေါသထွက်နေပြီ။ ဒီဖြစ်ရပ်ကို လွယ်လွယ်ကျော်သွားပေးမှာလည်းမဟုတ်ဘူး။ မရှိသလိုထားလိုက်မှာလည်း မဟုတ်ဘူး။ သူ့ခံစားချက်တွေကို ထုတ်ဖော်ပြသဖို့ ကြမ်းရမ်းချင်တဲ့စိတ်ရိုင်းတွေကိုလည်း တားဆီးနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ငါလည်းရှင်းပြဖို့ကြိုးစားရတော့တယ်။
"ချန်ရှန်း.. ငါပြောတာ နားထောင်ပါဦး.."
ငါ့စကားမဆုံးသေးပါဘူး။ ယဲ့ချန်ှရှန်းက နောက်ကျောမှာချည်ခံထားရတဲ့ငါ့လက်တွေကို ဖမ်းဆွဲရင်း အောက်ကိုဖိချလိုက်ပါတယ်။
"ခင်ဗျားက ထွက်ပြေးချင်နေတာလား!!"
ငါ့တစ်ကိုယ်လုံး ခံစားမှုမရှိလောက်အောင်ထုံကျင်နေခဲ့တယ်။ ခံစားရတဲ့အထိအတွေ့ဆိုလို့ ငါ့ကျောအောက်က အနက်ရောင်အိပ်ရာခင်းရယ်၊ လက်ကောက်ဝတ်နှစ်ဖက်ကို တင်းတင်းပူးချည်ထားတဲ့သားရေခါးပတ်ရယ် နှစ်မျိုးပဲ ခံစားရတော့တယ်။ သူ့လေသံကိုလည်း ငါလုံးလုံးနားလည်လိုက်တယ်။ ဒီမတော်မဆဖြစ်ရပ်ကြောင့် ယဲ့ချန်ရှန်းရဲ့အသေးငယ်ဆုံးသောယုံကြည်မှုလေးတောင် လွင့်ပါးပျောက်ကွယ်သွားပြီ ဆိုတာကိုပေါ့။
အခုချိန်မှာ ရှန်ဖန်လက်ထဲကနေ သူငါ့ကိုဘယ်လိုကယ်ထုတ်လာခဲ့သလဲဆိုတာကို သေမတတ်သိချင်မိရင်တောင် တစ်ခွန်းမှထွက်လို့မဖြစ်ဘူး။ သေချာတာက ချန်ရှန်းရဲ့ဒေါသတွေကို ပိုနှိုးဆွလိုက်သလိုပဲ ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ငါ မမေးဘူး။ 'ထွက်ပြေးတာမဟုတ်ပါဘူး ပြန်ပေးဆွဲခံရတာပါလို့' ရှင်းပြဖို့ကိုပဲ အသည်းအသန်ကြိုးစားနေရပါတယ်....
ဒါပေမယ့် ယဲ့ချန်ရှန်းရဲ့နှိပ်စက်မှုတွေကို စတင်ရင်ဆိုင်ရတဲ့အချိန်မှာတော့ အဲဒိရှင်းပြဖို့ဆိုတဲ့ မျှော်လင့်ချက်ရေးရေးလေးတောင် ပျောက်ကွယ်သွားခဲ့ပါတယ်။
"ချန်ရှန်း... အား!!... မလုပ်နဲ့!!"
သူ ဘာလုပ်ချင်နေလဲ ငါသေချာသိတယ်။ သူက... ရတတ်မအေးဖြစ်နေတဲ့အချိန်မျိုးတွေ ဒါမှမဟုတ် ငါ့ကိုမယုံကြည်တဲ့အချိန်မျိုးတွေမှာ... သူ့စိတ်ကိုသက်သာရရစေဖို့အတွက် ကိုယ်ခန္ဓာကိုသုံးပြီး စိတ်ကျေနပ်မှုကိုရှာဖွေတယ်။
