(23)

140 11 0
                                    

(23)

ယဲ့ချန်ရှန်းတစ်ယောက် အိမ်ပြန်လာတဲ့အချိန်မှာ ဟာလာဟင်းလင်းဖြစ်နေတဲ့အခန်းကိုပဲမြင်လိုက်ရပြီး အကြာကြီး မှင်တက်သွားခဲ့သေးတယ်....

"ယွင်ရှန်း?"

ယွင်ရှန်းက ဆိုဖာပေါ်မှာ ဘောလုံးလေးလိုကွေးကွေးလေးထိုင်နေရင်း သူအိမ်ပြန်လာတာကို စောင့်နေသင့်တာမဟုတ်ဘူးလား။

များပြားလှတဲ့စိုးရိမ်ပူပန်မှုတွေက ယဲ့ချန်ရှန်းရင်ကို လှိုင်းလုံးလိုဝင်ဆောင့်ပါတယ်။ သူက စိုးရိမ်ပူပန်စွာနဲ့ နောက်တစ်ကြိမ်ထပ်အော်ခေါ်ပေမယ့် ကံမကောင်းစွာနဲ့ သူကြားချင်တဲ့အသံ ပြန်မရခဲ့ပါဘူး...

နောက်ထပ်တစ်ကြိမ် မဝံ့မရဲအစမ်းသဘောခေါ်ကြည့်ပေမယ့်လည်း ဘယ်သူမှ သူ့ကိုပြန်ဖြေဘူး။ ဘာမှမရှိတဲ့အခန်းထဲကလေထုတောင်မှ ယွင်ရှန်းရဲ့ကိုယ်သင်းနံ့တွေ ရမနေခဲ့ပါဘူး။ ယဲ့ချန်ရှန်းက လက်သီးနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်လိုက်တယ်။

ဒီအချိန်မှာ ရုတ်တရက် အိပ်ခန်းထဲက လှုပ်စိလှုပ်စိအသံတွေထွက်လာတယ်။ ယဲ့ချန်ရှန်းလည်း ဖိနပ်တောင်မချွတ်နိုင်ဘဲ အိပ်ခန်းတံခါးကိုတွန်းဖွင့်ဝင်လိုက်တော့ မြေပဲလို့နာမည်ပေးထားတဲ့တယ်ရီယာခွေးလေး အိပ်ရာပေါ်တက်ပြီး အင်္ကျီတစ်ထည်ကိုကိုက်ဝါးနေတာ မြင်လိုက်ရပါတယ်။ ကြယ်သီးအချို့ပြုတ်ထွက်နေတဲ့ အဖြူရောင်ရှပ်အင်္ကျီတစ်ထည်ကိုပေါ့။

သူမှတ်မိတယ်။ ဒီအင်္ကျီက ယွင်ရှန်းအိမ်မှာနေရင်းဝတ်တဲ့အင်္ကျီ။ အင်္ကျီကဒီမှာ.. ဒါဆိုယွင်ရှန်းကဘယ်ရောက်သွားတာလဲ!?

သူ့ရင်ဘတ်ထဲမှာ မီးတောက်တစ်ခု ဖြည်းဖြည်းချင်းအစပျိုးလာခဲ့တယ်။ ယွင်ရှန်းသွားနိုင်တဲ့နေရာတွေထဲမှာ သူတွေးမိတဲ့တစ်ခုတည်းသောနေရာက သူ့ရဲ့ကျောင်းပဲဖြစ်တယ်။

တံခါးကိုဆောင့်ပိတ်လိုက်ရင်း ယဲ့ချန်ရှန်းက ဖုန်းကိုထုတ်လိုက်ပါတယ်။

"ဟဲလို.. သုန်းယန်!! ယွင်ရှန်း ကျောင်းသွားတာလား!!"

"သူက အရင်ဖုန်းဝယ်ဖို့ထွက်သွားတာ၊ ပြီးမှ ကျောင်းကိုသွားတယ်"

နိုင်လိုမင်းထက်အချစ်Where stories live. Discover now