(15)
ဟောင်ကောင်၊ ကောင်းလုံခရိုင် ရဲ့ တစ်နေရာမှာတော့ ရှန်ဖန်က ပြင်သစ်စတိုင်ပြတင်းပေါက်ကြီးရဲ့ရှေ့မှာ မတ်တပ်ရပ်နေတယ်။ ဖုန်းကိုကိုင်ထားတဲ့ သူ့လက်ရဲ့လက်ဆစ်တွေတောင် တဖြည်းဖြည်းဖြူဖျော့လာနေပြီ။
ထူထဲတဲ့သူ့မျက်ခုံးတွေက အထက်ကိုတက်နေပြီး မကျေမနပ်ဖြစ်နေတာ သိပ်သိသာတယ် "ဘာ?! ကျောင်းကိုမလာတာ သုံးရက်ရှိပြီ ဟုတ်လား?"
ဖုန်းထဲကအသံကပြန်ဖြေပါတယ် "ဟုတ်ပါတယ်၊ ပြီးခဲ့တဲ့ရက်တုန်းကတော့ နေမကောင်းလို့အနားယူချင်တယ်လို့ မက်စေ့ချ်ပို့ပါတယ်"
"ပြီးတော့...."
ရှန်ဖန်က သူ့လက်ချောင်းတွေကို တောက်ပပြီးကြည်လင်နေတဲ့မှန်သားပြင်ပေါ်မှာ ဖိထားရင်း ဖုန်းလိုင်းအခြားတစ်ဖက်က ပြန်ဖြေလာမှာကိုစောင့်နေတယ်။
"နောက်တော့ ကျွန်တော် သူ့ကိုဖုန်းခေါ်တော့ ဖုန်းမကိုင်ဘူး၊ အဲ့ဒါ ထူးဆန်းတယ်လို့တွေးမိလို့ ဥက္ကဌကိုအကြောင်းကြားတာပါ"
ရှန်ဖန်ရဲ့မျက်ခုံးတွေ တွန့်ချိုးသွားပြီး အာမေဋိတ်သံတစ်ခု လေးလေးပင်ပင်ထွက်လာတယ် "အော်.."
သူက ဆက်ပြောတယ် "သူ ကျောင်းကပြန်သွားတဲ့နောက်ဆုံးနေ့မှာ ဘာထူးဆန်းတဲ့ကိစ္စရှိသေးလဲ?"
ဟိုဘက်ခြမ်းကအသံကရပ်သွားတယ်။ လေသံက ဂနာမငြိမ်ဖြစ်နေတာသိသာပါတယ် "ဟုတ်.. ရှိတယ်လို့ထင်တယ်ခင်ဗျ၊ သူ့ကို အဲ့ကောင်လေးက သယ်ထုတ်သွားတာ..."
"ဘယ်ကောင်လေးလဲ?"
"ကျွန်တော် အရင်ကပြောဖူးတဲ့တစ်ယောက်လေ..."
ရှန်ဖန်က ပြင်သစ်စတိုင်ပြတင်းပေါက်တွေဆီကနေ ခွာလာခဲ့ရင်း တယ်လီဗေးရှင်းဘေးနားက ဓါတ်ပုံဘောင်လေးတစ်ခုဆီကို လျှောက်လာတယ် "မင်းပြောတာ.. သူ့ကိုချီပြီးသယ်ထုတ်သွားတာလား... "
"ဒါက.. ကျွန်တော်.. ရှင်းရှင်းလင်းလင်းမမြင်လိုက်ရပေမယ့်၊ အဲဒါ...."
ရှန်ဖန်က ဓါတ်ပုံကိုကောက်ကိုင်ပြီး မျက်မှောင်ကျုံ့လိုက်တယ် "မင်း မမြင်လိုက်ဘူးဆိုတာ ဘာအဓိပ္ဗါယ်တုန်း!"