(34)

127 11 0
                                    

(34)

ဒီတစ်ကြိမ် ငါတစ်ကယ်ပဲအောင်မြင်ခဲ့တယ်။ သူ့ကို ပြောင်းလိုက်နိုင်တယ်။ ဘယ်လို လိုက်လျော အလျော့ပေးရမလဲဆိုတာ သူ့ကို သင်ပေးလိုက်တယ်။ သူ့ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်ရမယ်၊ ငါ့ဘက်ကို ဘယ်လို ပိုပြီး တွေးပေးတတ်ရမယ်ပေါ့...

ဒီဖြစ်ရပ်က ငါ့ရဲ့ ကိုယ်လက်ကြံ့ခိုင်မှုကို အကြီးအကျယ် ထိခိုက်သွားပေမယ့် ရလဒ်ကတော့ အတော်လေး ကောင်းတယ်လို့ ဆိုနိုင်တယ်။ အခုဆို အပြင်ထွက်ပြီး လမ်းလျှောက်ချင်တယ်လို့ တစ်ခွန်းလေးပြောလိုက်ရုံနဲ့ အိပ်ရာပေါ် ဖိချခံရတော့မှာ မဟုတ်ဘူး။

ဒီနေ့ ငါ မနက်စောစော အိပ်ရာက နိုးလာခဲ့တယ်။

ဒီမနက် အိပ်ရာနိုးတော့ ယဲ့ချန်ရှန်းက ဂွတ်မောနင်းလို့ ဆိုပြီးပြီးချင်းမှာ ဒီနေ့ အိပ်ရာပေါ်က ထနိုင်ရင် အပြင်ထွက်လမ်းလျှောက်ဖို့ အဖော်လိုက်ပေးမယ်လို့ ပြောလာတယ်။ သူ ရုတ်တရက်ကြီး သဘောထားကြီးသွားလိမ့်မယ်လို့ ငါ လုံးဝမထင်ထားလိုက်မိဘူးလေ။ ဒါကြောင့် အရမ်းပျော်သွားလို့ သူ့ခေါင်းကိုဖက်ပြီး အနမ်းအကျယ်ကြီးတစ်ချက်ပေးလိုက်ကာ သူနဲ့အတူ အိပ်ရာပေါ်က ထလိုက်တယ်။

ဒါပေမယ့် အဆုံးမှာတော့ ငါ့ခြေဖဝါးက ကြမ်းပြင်ပေါ်ချချချင်းမှာပဲ ပျော့ခွေသွားတာပါပဲ။ ဒီအခြေအနေကြီးက ဘယ်လောက် ခက်ခက်ခဲခဲ ဖြစ်နေရတယ်ဆိုတာ ပြောစရာမလိုတဲ့အပြင် အိပ်ရာပေါ် သူပြန်သယ်သွားတာကိုပါ ခံလိုက်ရပါတယ်။

သူ ငါ့ကို ပြုံးပြုံးလေးကြည့်ပြီး ပြောသွားခဲ့တာက "ယွင်ရှန်း ညနေကျရင် စောင့်နေနော်"

ဒီတော့ ငါလည်း ခြေထောက်နှစ်ဖက်လုံး ထုံကျင်နေတဲ့ ခံစားချက်တွေကြားမှာပဲ ရှက်ကိုးရှက်ကန်း ပြန်ပြုံးပြခဲ့ရတာပေါ့ "အင်း.."

သတိတစ်ချက်လွတ်သွားတဲ့အခါ ငါ့ခြေထောက်က လိမ်သွားပြီး ပြုတ်ကျသွားတယ်။ ဒါကို အနားက ပရိသတ်ဖြစ်တဲ့ မြေပဲက ငါ ကြမ်းပြင်ပေါ် ပြုတ်ကျသွားတာမြင်ပြီး ပတ်လည်မှာ ဝိုင်းကြီးဒူဝေဝေ လာလုပ်တယ်။ နောက်တော့ ငါ့ကျောပေါ်ကို ခုန်တက်ပြီး ငါ့ကို ဒေါသတွေနဲ့ ဟောဟဲဆိုက်သွားအောင် လုပ်လိုက်တယ်။ ငါ လေအေးတွေကို မောကြီးပန်းကြီး ရှူသွင်းလိုက်ရတယ်။

နိုင်လိုမင်းထက်အချစ်Where stories live. Discover now